(ဟုတ်တယ်ဆရာကြီးရေအသိတွေကမေးကြလွန်းလို့သူတို့မေးတာတွေဖြေနိုင်အောင်သက်သေတွေရှာနေရတယ်)တပည့်ဖြစ်သူဟောခန်းသို့ရောက်စဉ်စာရွက်စာတန်းတွေဓါတ်ပုံကြော်ငြာဖြတ်ပိုင်းတွေနဲ့အလုပ် များနေသဖြင့်မေးလိုက်မိခြင်းဖြစ်သည်။
]]ဘာတွေများမေးကြလို့လည်းမောင်ရင်}}
]မေးတာကတော့ခါတိုင်းလည်းမေးနေကြပါဘဲဆရာကြီးအခုကြောင်းကပိုမေးကြလွန်းလို့သူတို့မေးခွန်းလေးတွေများလွယ်လွယ်ကူကူပြန်ဖြေလို့ရမလားလို့ပတ်သက်ရာပတ်သက်ကြောင်းလေးတွေရှာကြည့်နေတာပါဆရာတပည့်ဖြစ်သူရှေ့မှကြော်ငြာဓါတ်ပုံများကိုယူကြည့်လိုက်ရာအာမခံနဲ့ဟောပြောသည်။
àမမှန်လျှင်ငွေပြန်အမ်းမည်။àထီနံပါတ်အာမခံနှင့်ရွေးချယ်ပေးသည်။မပေါက်လျှင်ငွေပြန်ပေးမည်။
àပစ္စည်းပျောက်လူပျောက်၊နေရာ။နာမည် နှင့်အတိအကျဟောသည်။àဘယ်လိုဖူးဇာရှင်မျိုးနှင့်ဘယ်အချိန် မှာအိမ်ထောင်ကျမည်။ဆိုသည့်ကြော်ငြာစာရွက်များနှင့်---
àအကြားအမြင်အမျိုးမျိုးနှင့်ဟော ပြောလမ်းညွှန်ပေးသည်ဟူသည့်ကြော်ငြာများဖြစ်နေလေသည်။
àအကြားအမြင်နှင့်ပတ်သက်လို့လည်းကြော်ငြာတော်တော်များများတွေ့လိုက်ရသည်။အထူးခြားဆုံးကတော.....
့àသေဆုံးသူများနှင့်ခေါ်ယူတွေ့ဆုံပေးသည်ဟူသောကြော်ငြာကပိုထူးခြားနေသလိုဖြစ်နေသည်။
]]ဘယ်လိုမေးခွန်းမျိုးတွေမေးထားလို့ဒီလောက်ခက်ခက်ခဲခဲအဖြေရှာနေရတာလည်းမောင်ရင်}}
တပည့်ဖြစ်သူမှာစာရွက်စာတန်းတွေရှာဖွေနေသည့်ကြားမှပင်..]ခုတလောအမေးအများဆုံး
ကတော့(မလေးရှားလေယဉ်ပျောက်ဆုံးတဲ့)အကြောင်း မေးကြတာဘဲဆရာ}}
]]ဘယ်လိုတွေမေးကြလို့လည်း}
]]သူတို့တတွေမေးတာက..မင်းတို့ဗေဒင်ဆရာအများစုဗေဒင်ဟောတဲ့အခါမှာ..အာမခံနဲ့ဟောပြောသည်။မမှန်လျှင်ငွေပြန်အမ်းမည်။àထီနံပါတ်အာမခံနှင့်ရွေးချယ်ပေးသည်။ မပေါက်လျှင်ငွေပြန်ပေးမည်။ပစ္စည်းပျောက်လူပျောက်၊နေရာ။နာမည် နှင့်အတိအကျဟောသည်။
àဘယ်လိုဖူးဇာရှင်မျိုးနှင့်ဘယ်အချိန် မှာအိမ်ထောင်ကျမည်àကွဲကွာနေသောအိမ်ထောင်ရှင်များအ
မြန်ဆုံးပြန်လည်ပေါင်းသင်းကြစေရန်။
àရောင်းမထွက်သောကုန်ပစ္စည်းများ ရက်ပိုင်းအတွင်းအမြန်ဆုံးရောင်းထွက်စေ ရမည်။
àအိမ်မှထွက်သွားသူများအမြန်ဆုံးပြန်လည်ရောက်ရှိလာစေရမည်။ ဆိုသည့်ကြော်ငြာတွေနဲ့---
àအကြားအမြင်နှင့်ပတ်သက်လို့လည်း
ကြော်ငြာတော်တော်များများတွေ့ရပြီးနာက်ဆုံးကတော့.....àသေဆုံးသူများနှင့်ခေါ်ယူတွေ့ဆုံပေးသည်ဆိုတဲ့အထိကြော်ငြာထားကြတာ။အခု(မလေးရှားလေယဉ်ပျောက်နေတဲ့အကြောင်းကိုဘယ် ဗေဒင်ဆရာ.ဘယ်အကြားအမြင်ဆရာဆရာမကြီးတွေမှ)မဟောနိင်ကြတာဘာဖြစ်လို့လည်း}]ဆိုတဲ့အမေးတော်တော်ဖြေရခက်တယ်ဆရာကြီး}}
တပည့်ဖြစ်သူပြောလည်းပြောစရာဖြစ်သလိုမးသူတွေအနေနဲ့လည်းမေးခြင်စရာဖြစ်အောင်ကြော်ငြာထားကြတာမဟုတ်လား။
]]ဒါနဲ့မောင်ရင်ဘယ်လိုပြန်ဖြေလိုက်လည်း}}
ကျနော်လည်းတော်တော်အကြံအိုက်နေတယ်ဆရာကြီးရယ်သူတို့ကြေနပ်အောင်အဖြေက
မတွေ့ဘူးဖြစ်နေတယ်}}
]]ဒီလိုလုပ်မောင်ရင်ကြော်ငြာထားတဲ့ကြော်ငြာရှင်တွေဆီသာဒါရိုက်သွားမေးကြဖို့ညွှန်လိုက်ပါလား}
}]]ကျနော်လည်းပြောပြပါတယ်ကြာ်ငြာထားတဲ့ကာယကံရှင်တွေဆီဒါရိုက်သွားမေကြပါလားဆိုတော့ငါတို့က မင်းကိုမေးတာ။မင်းကဗေဒင်ဆရာ ဆိုတော့ဘယ်လိုဖြေမလည်းသိခြင်လို့ကွ}] ဆိုပြီးတွေ့ တာနဲ့ဒါဘဲမေးတော့တာပါဘဲ}}
]]အေးကွမလေးရှားလေယဉ်ပျံအကြောင်းဟောပြောလမ်းညွှန်နိုင်ရင်(အကြားအမြင်ပညာဘဲဖြစ်ဖြစ်။ဗေဒင်ပညာရပ်တွေထဲကဘယ်ပညာရပ်နဲ့ဖြစ်ဖြစ်အတိအကျ(ဒါမှမဟုတ်) အနီးစပ်ဆုံးဟောပြော
လမ်းညွှန်နိုင်ရင်..တို့တိုင်းပြည် ကမ္ဘာကြော်သွားမယ်။
မြန်မာ့ဗေဒင်လောကလည်းဂုဏ်ရှိမယ်။ဂုဏ်ပြုချီးမြင့်မဲ့ငွေတွေကလည်းနဲမှာ မဟုတ်ဘူး။ကိုယ့်ပညာ။ကိုယ့်မိသားစု။ကိုယ့်လူမျိုအကျိုးရှိမဲ့ကိစ္စကိုဘာဖြစ်လို့မလုပ်ကြတာလည်း။
မိမိကိုယ်မိမိ( အကြားအမြင် ပညာရှင် )လို့ကြော်ငြာပြီးဝိဇ္ဇာတွေ+အဘတွေ+ဘိုးတော် မယ်တော်တွေ။ယက္ခတွေ။ဘီလူးတွေ၊ ဘယ်နတ်တွေကို ခေါ်ကြည့်ခိုင်းတာတို့။ ခေါင်းစွဲနဲ့ဟောတာ
တို့စသည့်ဖြင့် ခုတုံးလုပ်ပြီးလုပ်စား နေတဲ့သူတွေ ( ဘယ် နေရာမှာသွားပြီး ကြားနေ မြင်နေကြ
တာလည်း)။ သာသနာပြုတယ်ဆိုပြီးလူတွေကိုအမျိုးမျိုးအကြောင်းပြခြောက်မြောက်ုပြီးအလှူခံနေရ
တာကြာပါတယ်။ဒီကိစ္စအောင်မြင်ရင်(ဒေါ်လာတွေ)ရမယ်။ပြုစမ်းပါ-သာသနာ။ဘာဖြစ်လို့မလုပ်ကြတာ
လည်း..ဒါလည်းစဉ်းစားစရာဖြစ်နေပြန်တယ်မောင်ရင်။ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေကိုဘဲ
။ဟောပြောလို့ ရတဲ့ဗေဒင်ပညာဖြစ်နေလို့လားအကြား အမြင်ပညာရှင်တွေအနေနဲ့လည်းတရား
ဝင်ကြော်ငြာထားတာဘဲ။မလေးရှား လေယဉ်ပျောက်ဆုံးမှုကိုဘာဖြစ်လို့ဟောပြောလမ်းညွှန်မှုမပြုနိုင်ကြ
တာလည်းတို့တိုင်းပြည်၊တို့လူမျိုးတွေကိုဘဲဟောပြောလမ်းညွှန်နိုင်တဲ့( အကြားအမြင် )ပညာရပ်ဖြစ်နေ
လို့လား။ဒါမှမဟုတ်အားမနာတမ်းပြောရရင်တို့တိုင်းပြည်တို့လူမျိုးတွေကိုမှရွေးပြီးလိမ်စားနေကြတာလား
ဆိုတာစဉ်းစားစရာဖြစ်နေပြီ}}။
ဟုတ်တယ်ဆရာကြီးကျနော်လည်းအဲဒါကိုစဉ်းစားမိလို့သူတိုကတွေမေးရင်ပြန်ဖြေဖို့ခက်နေ
တာပေါ့}}
]တို့ဗေဒင်လောကကလည်းခက်တယ်မောင်ရင်နယ်ပယ်အသီးသီးအလွှာအသီးသိးကလူပေါင်းစုံ-မတရာသားတွေမဟုတ်လား။။ဘာနည်းတွေနဲ့ဟောနေလည်းဆိုမေးလို့ရတာမှမဟုတ်ဘဲ။ဒီတော့
လက်သင့်ရာအဆင်ပြေရာလုပ်စားနေကြတော့ကြာလေပိုဆိုးလာလေဖြစ်လာပြီကိုး}}
]]ဒါဖြင့်ရင်ကျနော်သူတို့တတွေမေးရင်ဘာပြန်ပြောလိုက်ရမလည်းဆရာကြီး}}
]]မောင်ရင်တယ်လည်းဦးဏှောက်စားနေပါလား။လွယ်လွယ် လေးပါ။မောင်ရင်ခုရပ်တည်နေတဲ့ပညာရပ်နဲ
့ဟောပြောလမ်းညွှန်တာတဲ့အယူအဆတွေက-ဒါတွေကိုရှာဖွေဖေါ်ထုပ်တဲ့နည်းမှမဟုတ်ဘဲ။
(စာမေးပွဲ၊ ကုန်ဈေးနှုန်း၊ ရာသီဥတု၊ နိုင်ငံရေး၊ လူပျောက်။ပစ္စည်း ပျောက်) တွေဟောတာမှမဟုတ်ဘဲ။ဘဝမှာ အဆင်ပြေအောင်ဘယ်လိုနေ ထိုင်ကြမလည်းဆိုတာသိအောင်(ဘဝ)နေနည်းလမ်းညွှန်ပေးတာဘဲ။မောင်ရင်ကိုယ့်လိပ်ပြာကိုယ် လုံအောင် နေစမ်းပါ။}]
]]အားပါးပါး..ဟုတ်တယ်ဆရာကြိးပြောမှစဉ်းစားမိတယ်။ဗေဒင်ဆရာတွေဆိုတာနဲ့သွေးပူပြီး
ထင်ရာတွေလျောက်ပြောဖို့ဆင်ခြေတက်ဖို့လုပ်လိုက်ရတာဆရာကြီးရယ်ခုမှဘဲရှင်းသွားတော့တယ်။ကျနော်တို့လိုင်းမှမဟုတ်ဘဲအကြောင်းအကျိုးပြောပြပြီးသူတို့လိုင်းနဲ့သူတို့မေးမြန်းခိုင်းလိုက်
ရင်ပြီးတဲ့ကိစ္စဘဲ}]
]]ဒီတော့..မောင်ရင်ကိုယ်တိုင်။ဗေဒင်လောကထဲသွားအခုလူ တ်ာတော်များများသိခြင်နေတဲ့(မလေးရှား
)လေယဉ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးဗေဒင်ဆရာ/ဆရာမတွေဆီမေးမြန်းစူးစမ်းပြီးပြည်သူတွေကိုပြန်
လည်ဖြန့်ဝေအသိပေးပေတော့မောင်ရင်}}
]]ဒီမလေးရှားလေယဉ်ပျောက်တဲ့အမှုကကြာပြီဆိုတော့လူတွေမေ့လောက်ရောပေါ့ဆရာကြီးရယ်}}
]ပညာနဲ့ပတ်သက်လာရင်စောတယ်နောက်ကျတယ်မရှိဘူးအဖြေမှန်တခုတွေ့ဖို့အရေးကြီးတာမောင်ရင်
ဒီတော့..ဒီမလေးရှားလေယဉ်ပျောက်ဆုံးမှုကိုဗေဒင်/အကြားအမြင်/ဓါတ်တွေ/နတ်တွေစုံအောင်သေချာ
မေးမြန်းပြီး (ဓနသိဒ္ဓိ)စာစောင်ကနေဖြန့်ဝေနိုင်ဖို့ ကြိုးစားပေတော့မောင်ရင်}} ] ]ဟုတ်ကဲ့ကျနော်အတတ်နိုင်ဆုံးကျိုးစားပါ့မယ်ဆရာကြီး}]ဟုပြန်ဖြေရင်းတပည့်ဖြစ်သူမှာခေါင်းကို တဗျင်းဗျင်း ကုတ်နေလေတော့သည်။
]ရာဇာ(မြန်မာပြည်)}]
No comments:
Post a Comment