ပီယဆေး(ခေါ်)ဆော်ကြည်ဆေး- (ရာဇာ/မြန်မာပြည်)
]]ဆရာကြီး--လူတွေပြောပြော နေတဲ့ပီယဆေး(ခေါ်)ဆော်ကြည်ဆေးအ
ကြောင်းမေးမလို့ မေးမလို့နဲ့မမေးဖြစ် ခဲ့ဘူး၊ဒီနေ့မှဘဲ မေးဖြစ်တော့တယ်-ကျနော့်ကို အဲဒီဆော်ကြည်ပီယဆေးအ ကြောင်းနဲနဲလောက်ပြောပြပါလား}}နံက်စော
စောစီးစီး တပည့်ရင်းမဟုတ်သော်လည်း လွန်ခဲ့သော(၁၀)နှစ်ခန့်က ဗေဒင်ဆရာ လုပ်ခြင်လွန်း၍ဗေဒင်ဆရာတစ်ယောက်ဖြစ်လာအောင်ဘာတွေလိုအပ်ပါသလဲလို့ လာရောက်အကူအညီတောင်းခံရာမှ ဒီနေ့ အထိမခွာပြဲသေးဘဲ မြဲနေသည့် တပည့်တစ်ယောက်ဘာစိတ်ကူးပေါက်သည်မသိ အဆက်အစပ်မရှိပီယဆေး အကြောင်း မေးနေလေသည်။
]]ဘာတွေစိတ်ကူးပေါက်ပြီးထူး
ထူးခြားခြားမေးနေရတာလည်းမောင်ရင်}}
]]ကျနော့်မိတ်ဆွေ ဗေဒင်ဆရာတွေ- သူတို့ဆော်ကြည်ဆေး ဖေါ်ပေးလိုက်တဲ့ သူတွေအကြောင်းပြောနေတာမကြာခဏ တွေ့ခဲ့ရလို့ ဆရာ့ကိုဆော်ကြည်ဆေး (ခေါ်)ပီယဆေးအကြောင်းမေးမိတာပါ}} လာပြန်ပါပြီ-ပီယဆေးတဲ့-
]]မောင်ရင့်သူငယ်ချင်းတွေက ဘာတွေများပြောနေကြလို့လည်း}}
]]ဒီလိုဆရာရေ့--မျက်နှာပွင့်ဆေးခေါ်(ပီယ)ဆေး-ခေတ် စကားနဲ့ပြောရရင်ဆော်ကြည်ဆေးလာလုပ်
ခိုင်းတဲ့သူတွေကို သူတို့တွေလုပ်ပေးလို့်
အဆင်ပြေကုန်တဲ့အကြောင်း အာဘောင်အာရင်းသန်သန်ပြောနေကြလို့ပီယဆေး တကယ်ရှိလား-ရှိရင်လည်းနည်းနာ နိဿရလေး-ဘာလေးတောင်းမလိုပါ ဆရာကြီး}}
]]သူတို့တတွေပြောနေတာ-မောင်ရင်ယုံလား၊ဖြစ်နိုင်မယ်ထင်နေလား}}
]]အဲ့ဒါတွေ မဝေခွဲနိုင်လို့ ဆရာကြီးဆီရောက်လာရတာပါ}}ကျွန်ုပ်
လည်းမည်သို့ပြန်လည်ပြောဆိုရမည်ကို
စဉ်းစားရခက်နေသည်။ထို့ကြောင့်]]မောင်ရင်မေးတာက နည်းစနစ်ရှိ/မရှိ ကို မေးတာလား-တကယ်အသုံးပြုနေမှုကိုလက်တွေ့ဖြစ်နိုင်မဖြစ်နိုင်မေးတာလား}}
]]စာအုပ်တွေကျမ်းတွေတော-့ကျနော်လည်းလေ့လာမှတ်သားဖူးပါတယ် တကယ် လက်တွေ့ဖြစ်နှို်င်မဖြစ်နိုင်မေး
တာပါဆရာကြီး}} ]]ဆရာလည်း မောင်ရင်ပြောသ လိုစာတွေကျမ်းတွေဖတ်ဖူးလေ့လာဖူးသလို
တချို့ကိုလည်းဆရာတွေဆီကသင်ကြားခဲ့
ရဖူးပါတယ်၊တကယ်လက်တွေ့သုံးကြည့် တဲ့အခါမဖြစ်နိုင်ဖူးဆိုတာတွေ့လာရတယ်}}
]]တခြားတခြားသောဆရာ့ဆရာ တွေသုံးနေကြတာဘဲဘာဖြစ်လို့မဖြစ်နိုင် ရတာလည်းဆရာကြီး}}- ]]မောင်ရင်ဘယ်လိုနည်းတွေကိုတွေ့ခဲ့လေ့လာခဲ့ရတာလည်းဆိုတာပြောပါဦး}}
]]ပီယဆေးနဲ့ပတ်သက်လို့-ဂါထာ+မန္တာန်+အင်းစမ+ဆေးဖရောင်းတိုင်ငှက်ပျောပွဲတွေပြင်ပြီးလုပ်ပေးတဲ့အထက် လမ်းနည်း+လူအစိမ်းသေ+မီးနေသယ်ထမီ+ လက်မောင်းသွေး+ရင်ဘတ်ကသွေးဖေါက် ပြီးလုပ်ယူရတဲ့အောက်လမ်းနည်းစုံနေတာ ပါဘဲဆရာကြီးရယ်}}
]]ကောင်းပြီ မောင်ရင်ပြောသ လို အဲဒီလိုပညာရပ်တွေကိုသုံးပြီးရတယ်
ဆိုတဲ့အချစ်(ဒါမှမဟုတ်)အိမ်ထောင်ရေး
ဟာ တဖက်သတ်မတရားလုပ်ယူထားတဲ့ အတွက်သဘာဝအတိုင်းမဟုတ်တော့
မြဲနိုင်ပါ့မလား၊ အဆင်ကောပြေနိုင်ပါ့ မလား၊ တကယ်ချစ်တာမဟုတ်ဘဲ မိမိ
ကိုပညာရပ်တွေနဲ့ရအောင်လုပ်ယူထားတာ ကို တဖက်သားသိသွားရင် ကျေနပ်နိုင်
ပါ့မလား}}
]]ဆရာကြီးပြောမှ သေသေချာ
ချာစဉ်းစားကြည့်မိတယ်၊သဘာဝလွန်ကြီး
ဖြစ်နေတာဘဲ}}
]]တကယ်တန်းအဲဒီလိုလုပ်လို့ရ
ကြစတမ်းဆိုရင်-ထီနံပါတ်ရွေးပေးတဲ့ထီ
ဗေဒင်ဆရာကို မေးသလိုမျိုးဖြစ်နေမှာ ပေါ့ မောင်ရင်}}
}}ထီနံပါတ်ပေးတဲ့ဆရာကိုဘယ်
လိုမေးကြလို့လည်းဆရာကြီး}}
}}ထီနံပါပေးတဲ့ဆရာက ထီ ပေါက်ဘို့လမ်းညွှန်တဲ့အခါ-ဘယ်နေ့ သားသမီး-ဘယ်နေ့-ဘယ်အချိန်-ဘာ
အရောင်အကျီ င်္ကိုဝတ်-ဘယ်အရပ်က-
ဘာနာမည်အစ(သို့မဟုတ်)မည်သည့်အက္ခ
ရာအဆုံး ပါရှိသောထီဆိုင်သွား၍-အဘယ်မည်သောထီပေါက်စေမည့်ဂါထာကို
ရွတ်ဆိုပြီး-ထိုထိုသော-အမြင်/အကြား နိမိတ်တစ်ခုခုကိုကြားသိသော အခါ-ဘယ်အက္ခရာ-ဘယ်ဂဏန်းအစ-ဘယ်ဂ ဏန်းအဆုံးပါသောထီကိုထိုးပါ ဟုရေး သားပြောဆိုလမ်း ညွှန်နေကြတာကိုတွေ့ တယ်မဟုတ်လား}}
]]တွေ့ပါတယ်ဆရာကြီး-သူတို့
ဟောပြောလမ်းညွှန်နေတာ မဟုတ်လို့
လား၊ မှားနေလို့လား}}
]]သူတို့ဟောပြောလမ်းညွှန်နေ တာတွေ မှန်တယ်/မှားတယ်ပြောနေတာ မဟုတ်ဘူး၊မောင်ရင်-သူတို့တွေပြောနေ
ကြတာ-ထီပေါက်မဲ့ထီနံပါတ်ဒီလောက်
သိနေတဲ့ထီဗေဒင်ဆရာကြီးသူကိုယ်တိုင်
ဘာဖြစ်လို့ ထီမထိုးတာလည်း) ဆိုတဲ့ မေးခွန်မျိုးကိုပြောတာ}}
တပည့်ကျော်တစ်ယောက်တွေ
ဝေစွာစဉ်းစားနေရာမှ]]ဘာကိုပြောခြင်တာ
လည်းဆရာကြီး}}ရော်--ခက်ကပြီ-
]]မောင်ရင့်မိတ်ဆွေတွေပြောသ
လို-ထိုထိုသောပညာရပ်တွေနဲ့သာမောင်
ရင်မေးတဲ့-ဆော်ကြည်ဆေး(ဒါမှမဟုတ်)အဲဒီဆရာတွေကပီယဆေး+ဆော်ကြည် ဆေး+မျက်နှာပွင့်ဆေးဖေါ်လို့ရနေကြရင် မောင်ရင်တို့ကိုလုပ်ပေးမလားသူ့ညီအစ်ကို၊မောင်နှမနဲ့သူ့သားသူ့သမီးတွေကိုအ ရင်လုပ်းမှာပေါ့မောင်ရင်}}
]]ဆရာကြီးပြောပြတော့လည်း
ဟုတ်သလိုလိုသဘာဝကျသားဘဲ}}
]]ဖြစ်နိုင်ရင်အဲဒီဆရာတွေသူ
တို့ကိုယ်တိုင်အဲဒီပီယဆေးကိုသုံးမှာပေါ့
မောင်ရင်တို့ကိုပေးပါ့မလား၊ပီယဆေးဖေါ်
ပေးတဲ့ဆရာတွေကိုယ်တိုင်ဒီဆေးကိုသုံး
နေကြသလား၊သူတို့ကိုယ်တိုင်ဆော်ကြည်
နေလားသူတို့သားသမီးတွေကိုဆော်ကြည်ဆေးပေးထားကြမလား၊တကယ်သူတို့သား သမီးတွေဒီဆော်ကြည်ဆေးနဲ့လုပ်ယူလို့ စိတ်တိုင်းကျဖြစ်နေကြတယ်ဆိုရင်တော့ ဘာပြောစရာလိုမလည်းကွာမောင်ရင်လည်း ယူလိုက်ပေါ့}}
]]ဆရာကြီးပြောပြမှတွေးမိပြီး
ရှက်တောင်ရှက်မိလာတယ်၊ဟုတ်တယ်
ပီယဆေးဖေါ်လို့ရတယ်ဆိုတဲ့သူတို့တွေ တောင်မှဆော်မကြည်ဘဲပေါက်ကရတွေဖြစ်နေရင်ဘာမှမတော်စပ်တဲ့ကျ နော်တို့ တွေ ဆော်ကြည်ဖို့လုပ်ပေးမယ်ဆိုတာ}}
]]နောက်တစ်ခုမောင်ရင်မှတ် ထားရမှာ၊ဆရာအခုပြောနေတဲ့အကြောင်း
အရာတွေသည် ဒီပညာရပ်တွေဆိုတာ တကယ်မရှိပါဘူး၊စိတ်ကူးယဉ်နေကြတာ ပါလို့ပြောနေဆိုနေတာမဟုတ်ဘူးနော-
သူ့ခေတ်နဲ့သူတော့တွင်ကျယ် ဆိုသလို ဟုတ်ခြင်လည်းဟုတ်မယ်၊ဆရာပြောလို တာကခေတ်ကာလတွေပြောင်းလာလို့ ဒီနေ့ဒီအချိန်မှာ မဖြစ်နိုင်တော့တာတွေ ကိုပြောပြနေတာ နော}}
]]ဒါဖြင့်ရင်ဆရာကြီးဆီကို အဲဒီ
လိုပီယဆေးလာမေးတဲ့လူမလာဘူးလား}}
]]ဆရာဆိုမှတော့ လာကြတာ ပေါ့မောင်ရင်ရယ်}}
]]အဲဒီတော့ ဆရာကြီးဘယ်လို
နည်းတွေနဲ့လုပ်ပေးလိုက်လည်း ဟင် }}
]]သူတို့ကို လုပ်ပေးဖို့နေနေ
သာသာသူတို့ဆီကတောင်ဆော်ကြည်မဲ့
နည်းလေးဘာလေးမေးပြီး-ဆရာကအကူ အညီတောင်းလိုက်ရသေးတယ်}}
]]ဆရာကြီးဘာတွေများ အကူ အညီတောင်းလိုက်တာလည်း}}
]]ဆရာလည်းဆရာ့ညီတော် မောင်အတွက်လမ်းထိပ်ကသူဌေးသမီး
ဆရာဝန်မအပျိုကြီးနဲ့အဆင်ပြေအောင်လုပ်
ပေးခြင်လို့အဲဒီလိုဆော်ကြည်ဆေးလိုခြင် နေတာကြာပြီအဲဒါကြောင့်အဲဒီလိုမျိုးပီယ ဆေးကောင်းကောင်းဖေါ်ပေးနိုင်တဲ့ဆရာ တွေ့ခဲ့ရင်ဆရာ့ကိုအကြောင်းကြားဖို့ပြန်ပြီး အကူအညီတောင်းလိုက်ရတာပေါ့---
ရာဇာ(မြန်မာပြည်)
No comments:
Post a Comment