Thursday, May 29, 2014

ကျွန်ုပ် (လောကဓံ = အမြင်သစ်) တွေ့လိုသော လူနှစ်ယောက်


ကျွန်ုပ် (လောကဓံ = အမြင်သစ်) တွေ့လိုသော လူနှစ်ယောက်

    လူဆိုတာ လောကဓံနဲ့ ရင်ဆိုင်ရမှာကတော့ သေချာနေပြီ။ ဒီတော့ သင်ပိုင်ဆိုင်သမျှတွေအားလုံးဟာ ဖြစ်ချိန်တန် ဖြစ်၍ ပျက်ချိန်တန်ပျက်မည်ဖြစ်သည်။ ဖြစ်ချိန်ကိုသိအောင်ကြိုးစား ဖြစ်အောင်လုပ်ယူထားနိုင်ဘို့နဲ့ ပျက်ချိန်မှာ မပျက်အောင် ဘယ်လိုနေထိုင်လုပ်ကိုင်မလဲဆိုတာ ကြိုတင်သိထားဖို့ လိုသလို။ မပြိုကွဲ မပျက်စီးရလေအောင် ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။
လုပ်တိုင်းဖြစ်နေမယ်ဆိုရင် ပိုက်ဆံတွေ ဘယ်နားမှာသွားထားမလဲ။ဒါကြောင့် -
၁။    အလုပ်၊ အိမ်ထောင်၊ သားသမီးတွေရှိပြီးလူ့ဘဝမှာ ဗေဒင်ဆိုတာမမေးလဲရပါတယ်။ဗေဒင်မေးတော့ကော ဘာထူးမှာ မို့လဲ။ လူပဲဘာမဆိုလုပ်ရင်ဖြစ်တာပေါ့။ ဘာဗေဒင်မေးစရာလိုလဲဆိုသော လူတစ်ယောက်။
၂။    လူဆိုတာ လောကဓံနဲ့ ရင်ဆိုင်ရမှာကတော့ သေချာနေပြီ။ ဒီတော့ သင်ပိုင်ဆိုင်သမျှတွေ အားလုံးဟာ ဖြစ်ချိန်တန် ဖြစ်၍ ပျက်ချိန်တန်ပျက်မည်ဖြစ်သည်။ ဖြစ်ချိန်ကို သိအောင် ကြိုးစား ဖြစ်အောင်လုပ်ယူထားနိုင်ဖို့နဲ့ ပျက်ချိန်မှာ မပျက်အောင် ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲဆိုတာ ကြိုတင်သိထားဖို့  လိုသလို။မပြိုကွဲ မပျက်စီးရလေအောင် ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားလည်း စိတ်ဓါတ်မကျပါနဲ့။
ဖြစ်ပြီးလိုပျက်ရင်၊ ပျက်ပြီးရင် ပြန်ဖြစ်ရမှာပေါ့။ ဒါကြောင့် -
    စီးပွားပျက်၊ အိမ်ထောင်ကွဲ၊ ထောင်ကျ၊ ထောင်ကထွက်လာပြီး ဘဝကို စိတ်ဓါတ်ကျပြီး၊ သိမ်ငယ်စိတ်နဲ့ လူတော မတိုးတော့ဘဲ အရက်သမားဘဝနဲ့ ဘဝကိုအဆုံးသတ်တော့မယ့်လူပဲ။
၁။    လူပဲ လုပ်ရင်ဖြစ်ရမှာပေါ့ ဆိုတဲ့ လူအတွက်
        သင်လုပ်ချင်တိုင်းလုပ်လို့မရတဲ့အချိန် (၆) ကြိမ်ကို ကြိုတင်ပြောပြထားချင်လို့ပါ။
၂။    သိမ်ငယ်စိတ်နဲ့ လူတောမတိုးတော့ဘဲ၊ အရက်သမားဘဝနဲ့ ဘဝကို အဆုံးသတ်တော့မယ့် လူအတွက်လည်း            သင်လုပ်ချင်တိုင်း လုပ်လို့ရမဲ့အချိန်ကို ကြိုတင်ပြောပြထားချင်လို့ပါ။
၃။    နောက်ဆုံးအနေနဲ့ ပြောရရင်
    ကျွန်ုပ်လောကဓံ (အမြင်သစ်) ပညာနဲ့ ဟောပြောလမ်းညွှန်ရာမှာ အလုပ်၊ အိမ်ထောင်၊ သားသမီးရှိပြီလား မယုံလေကြိုက်လေ၊ လက်ပေါက်ကပ်လေ ကြိုက်လေပဲလို့ တရားဝင်ကြေညာပြီးသားပါ။
(ကမ္ဘာ့ဗေဒင်လောကမှာမရှိသေးကြောင်းဘာကြောင့်ကြေညာရသလဲ)
    ဗေဒင်ဆိုတာ ဘဝလမ်းညွှန်ပညာပါ၊ လမ်းညွှန်ဆိုတာ ကြိုတင်သိမြင်ထားဖို့ ပြောပြနိုင်ခြင်းကိုခေါ်တာပါ။ ယနေ့ခေတ် ကျွန်ုပ်မြင်တွေ့နေရတာတော့ ဗေဒင်ကို ကြိုတင်မေးတဲ့လူ နည်းပါတယ်။ လုပ်ချင်ရာတွေ လိုက်လုပ်ပြီး လုပ်တိုင်း မဖြစ်တဲ့အချိန် လုပ်ချင်ရာတွေလုပ်ပြီး ဒုက္ခဖြစ်မှ ဗေဒင်မေးကြတာများပါတယ်။
    ကျွန်ုပ်၏ဟောပြောမှုက သင်တို့သိချင်တာလေးတွေ ထိုင်ဖြေပေးတဲ့ဗေဒင်မျိုးတော့မဟုတ်ဘူး။
ကယ်မခြင်းဝါဒမဟုတ် - လမ်းညွှန်ခြင်းဝါဒဖြစ်တဲ့အတွက်
၁။    သင့်ဘဝမှာ ကြုံတွေ့ရမယ့် ကံကောင်းချိန် (၆) ကြိမ်။ ကံညံ့အချိန် (၆) ကြိမ်၊ တသက်တာလိုက်နာရမယ့်အချက်။
        သင်လုပ်ရင်ရမယ်၊ မလုပ်ရင်မရဘူး။ အချိန်၊ နည်း ရွေးပေးသည်။
၂။    ယခု သင် ဖြတ်သန်းရင်ဆိုင်ရတော့မယ့် လောကဓံ (၄)နှစ် အတွက် ကြိုတင်သိမြင်လိုက်နာဖို့ ရှောင်ရန်၊ဆောင်ရန်။
        ဒုက္ခဆိုတာကို သင်ကြိုသိထားအောင် - ဒုက္ခကိုရင်ဆိုင်တဲ့နည်း။ သင်လုပ်ရင်ဖြစ်မယ်၊ မလုပ်ရင် မဖြစ်ဘူး။
၃။    ယခု တစ်နှစ်တာအတွင်း သင်တွေ့ကြုံရင်ဆိုင်ရမယ့် လောကဓံရဲ့ အကောင်းအဆိုးအကြောင်းအကျိုး။
        သင်ရဲ့ကြိုတင်သိမှု + လိုက်နာမှု + တုံ့ပြန်မှုက အဖြေဘဲ။
    သင်နဲ့ အတူနေမိသားစုတွေကိုပါ ဟောပြောညှိနှိုင်း လမ်းညွှန်ပေးရပါတယ်။ သင်မည်မျှ ကံကောင်းတယ် ပြောပြော အတူနေတွေ ညံ့နေရင် ရေများရေနိုင် မီးများမီးနိုင်ဆိုတော့။ သင်မည်မျှပင် ကံညံ့တယ်ပြောပြော အတူနေတွေ ကံကောင်းနေ တော့လည်း ရေများရေနိုင်ဆိုတော့ သင့်ကံ အကောင်းအဆိုးသည် သင်၏ ပိုင်ဆိုင်မှု၊ အသက်အရွယ်၊ အတူနေတို့နှင့် ပေါင်းစပ်ဟောပြောရသော ပညာဖြစ်သောကြောင့် -
ကမ္ဘာ့ဗေဒင်လောကမှာ မရှိသေးကြောင်း ကြေညာရခြင်းဖြစ်ပါသည်။

No comments:

Post a Comment