Thursday, May 29, 2014

သိစေအပ်ပါသည်


                             သိစေအပ်ပါသည်
ယနေ့ဗေဒင်ပညာလောက ဗေဒင်အချုပ်မဟာဘုတ်၊ မဟာဘုတ်ပါရဂူ
ဆရာကြီးဦးကြာမြင့် တီထွင်ဖော်ထုတ်ခဲ့သော (မဟာဘုတ်-အြွကင်းဥာဉ်စရိုက်) (အင်္ဂဝိဇ္ဇာအခါတိုင် အကြားအမြင်ပညာ)(လောကဓံ သက္ခတ်အဟောပညာ)နှင့် (နဝင်းစီး) ဓါတ်ယတြာကို ဗေဒင်ဆရာ တော်တော်များ ဟောပြောအသုံးပြုနေကြသည်ကို တွေ့မြင်ကြားသိနေရ၍ အလွန်ကျေနပ်ဖွယ်ဖြစ်ရ၏။
လူတို့အား အမှန်တကယ် အကျိုးပြုသော ပညာရပ်ဖြစ်သဖြင့် အသုံးပြုများလေ ပိုအကျိုးရှိလေ ဖြစ်ပေသည်။ သို့သော်မဟာဘုတ်အြွကင်းဥာဉ်စရိုက်၊ လောကဓံ သက္ခတ်အဟောနှင့် ဟောပြော၍
နဝင်းစီးပညာကို အသုံးပြုနေကြသော(ဆရာတစ်ချို့)သည် ဆရာကြီးဦးကြာမြင့်ထံမှာ
တပည့်လည်းမခံ၊ ပညာသင်ယူခြင်းလည်းမရှိ၊ စာအုပ်ဖတ်ရုံမျှ  တဆင့်ကြားသိရုံမျှဖြင့်
နားလည်တတ်ကျွမ်းမှု မရှိဘဲ လုပ်ဆောင်နေသည့်အပြင် ဆရာကြီးဦးကြာမြင့်တီထွင်ထားသော ပညာအား မိမိကိုယ်တိုင်တီထွင်ထားသလိုနှင့် တပည့်များအား ပြန်လည်သင်ကြားပို့ချနေခြင်း၊
ဟောပြောနေခြင်းကို တွေ့မြင်ကြားသိ နေရပါသဖြင့် မူရင်းပညာရှင် အမည်ကိုဖျောက်၍ အသုံးပြုနေကြသောဆရာအပေါင်းတို့သည် (ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏) ဟူသော စကားအတိုင်း နွယ်မြက်သစ်ပင် အညွန့်အခက် အလက်အရွက်များကို အသုံးပြုရသော ပညာဖြစ်၍ မူရင်းပညာရှင်အားဖုံးကွယ်၍ မိမိကိုယ်ပိုင်ပညာကဲ့သို့ ဟောပြောအသုံးပြုမူနေခြင်းသည် မူရင်းပညာရှင်အပေါ်(သစ္စာမဲ့)ရာ ကြပါသည်။ ထိုသို့သော
သစ္စာမရှိသူ ဆရာများအသုံးပြုနေသော နဝင်းစီးပညာသည် အစွမ်းသတ္တိရှိနိုင်ပါ မည်လား၊ ယုံကြည်အားကိုး၍ဟောပြောလုပ်ဆောင်မှု ခံကြရသော သူတို့အတွက်လဲ အကျိုးရှိနိုင်မည် မဟုတ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဤပညာအား တပည့်ခံသင်ကြား တတ်မြောက်ခြင်းမရှိပဲ ဟောပြော အသုံးပြုနေသော ဆရာများသည် မိမိ၏ သစ္စာမဲ့မှုကြောင့် ပညာရှင်အစစ်များအား ထိခိုက်နစ်နာစေပြီး လူအများ၏ ဆိုးကျိုးကို ဖြစ်စေနိုင်ပါသဖြင့်  သစ္စာမဲ့သော လုပ်ရပ်ကို ဆက်လက်မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment