လောကီဝိဇ္ဇာ အသိပညာ
၁။ ကျေးဇူးသိသောသူသည်၊ စာနာစိတ်ရှိသည်။
၂။ စာနာစိတ်ရှိသူသည်၊ သဒ္ဓါစိတ်ရှိသည်။
၃။ သဒ္ဒါစိတ်ရှိသူသည်၊ ဒါနတရားပွားများသည်။
၎။ ဒါနတရားပွားများသောသူသည်၊ သီလရှိသည်။
၅။ သီလရှိသောသူသည်၊ ဘာဝနာပွားများသည်။
၆။ ဘာဝနာပွားများသောပုဂ္ဂိုလ်သည်၊ ဟိရိဩတ္တပ္ပအရှက်အကြောက်ရှိသည်။
၇။ ဟိရိဩတ္တပ္ပအရှက်အကြောက် ရှိသူသည်၊ လောဘနည်းသည်။
၈။ လောဘနည်းသူသည်၊ ဒေါသကိုထိန်းသိမ်းနိုင်သည်။
၉။ ဒေါသကို ထိန်းသိမ်းနိုင်သောသူသည်၊ မောဟတရားနည်းသည်။
၁၀။ ထိုသည့်အတွက်ကြောင့် လောဘ၊ ဒေါသ၊ မောဟ တရားတို့ ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိ လိမ့်မည်။
(ဗေဒင်အချုပ် မဟာဘုတ် နိဒါန်း ဆရာကြီး ဦးကြာမြင့်)
ဗေဒင်အချုပ် မဟာဘုတ်နိဒါန်းဗေဒင်ပညာ၏
နဝင်းစီးပညာ အကျိုးကျေးဇူးပြုပုံ
ဗေဒင်အချုပ် မဟာဘုတ်နိဒါန်း ဗေဒင်ပညာသည် သိဒ္ဓိတန်ခိုးရှင် လောကီဝိဇ္ဇာ ထွက်ရာပေါက် ရှေးပညာရှင်ဆရာကြီးများ၏ လက်တွေ့ပွဲတွေ့ အသုံးပြုထားခဲ့သော မဟာဘုတ် မဟာ အဆုံးအပိုင်းအခြားမရှိ ကျယ်ဝန်းနက်ရှိုင်းသော၊ ဘုတ် ပထဝီ၊ အာဘော၊ တေဇော၊ ဝါယော၊ အာကာသဓာတ် ဓာတ်ကြီးငါးပါးကို အခြေခံထားပြီး ကိုးနဝင်းဓာတ် နဝင်းစီးပညာနှင့် ဓာတ်ခန်းဖွင့် ဗေဒင်ပညာဖြစ်နေသောကြောင့် ဥပါဒ်ဘေးများနှင့် အခက်အခဲအမျိုးမျိုးဖြစ်နေသော လူသား သတ္တဝါများအား ဓာတ်သက်ဝင်နေသော ခန္ဓာကိုယ်ကြီးကို ကိုယ်စား၊ ကိုယ်ငှား၊ ကိုယ်ပွားများခွဲ၍ နွယ်မြက်သစ်ပင်ဆေးဖက်ဝင် အညွန့်၊ အခက်၊ အရွက်များနှင့် တြိနဝင်း (သို့မဟုတ်) ကိုးနဝင်း စွမ်းအားကြီးမားသည့် ဓာတ်သက်များသွင်းပြီး ဥပါဒ်ဘေးဆိုး အမျိုးမျိုးမှ ဆိုးကျိုးများကို အကာ အကွယ်ပြုစေသည့်အပြင် တန်ခိုးစွမ်းအားကြီးမားလာသော ကောင်းကျိုးသုခ အမျိုးမျိုးတို့ကို အကျိုးကျေးဇူးပြုနိုင်သောကြောင့် တိမ်မြှုပ်ပျောက်ကွယ်နေသည့် မဟာဘုတ်ဗေဒင်ပညာကြီးအား အမျိုးမျိုးအဖုံဖုံ ကျင့်ကြံအားထုတ်ပြီး ရှာဖွေစုဆောင်းမှုပြုခဲ့ရာ ထိုးထွင်းသိမြင်ပြီး အောင်မြင်မှုများ ရရှိခဲ့သဖြင့် ယခုဆိုလျှင် နဝင်းစီးပွဲပညာကြီးအား မိမိကိုယ်ပိုင်ဥာဏ်စွမ်းဖြင့် တီထွင်ကြံဆ၍ စိတ်ထားဖြင့် ဖွင့်ဆိုဖော်ထုတ်ပြီး ရေးသားမှု ပြုလိုက်ရပေသည်။
ဗေဒင်အချုပ် မဟာဘုတ်နိဒါန်း ဗေဒင်ပညာ၏ နဝင်းစီးပညာသည် အထုံးကိုးထုံးပါသော ချည်မန်းကွင်းနှင့် အညွန့်၊ အခက်၊ အရွက်များအားလုံးတို့ကို လူအများနှင့် သတ္တဝါအများအားလုံးတို့၏ ခန္ဓာကိုယ်များနှင့်ထိတွေ့၍ ပွတ်သတ်နင်းခြေကျော်လွှားပြီး အသုံးပြုထားသောကြောင့် အင်းအိုင် ခလက် ဆေးဝါးမန္တာန်အစီအရင်များနှင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ နှုတ်ခပတ်တော်များ ဖြစ်သည့် ပရိတ်သုတ်ဂါထာတော်များကို အပြစ်မကင်းဖြစ်မှာ စိုးသောကြောင့် လုံးဝအသုံးပြုထားခြင်း မရှိပါ။ မြန်မာ့တိုင်းရင်းဆေးပညာ ဆေးဆရာကြီးများသည် နွယ်မြက်သစ်ပင် သစ်ဥသစ်ဖု သစ်မြစ်များနှင့် အညွန့်၊အခက်၊ အရွက်၊ အခေါက်များကို ထုထောင်း၍သော်လည်းကောင်း၊ ကျိုချက်၍သော်လည်းကောင်း အသုံးပြုကြရသကဲ့သို့ ကျွန်ုပ်၏ နဝင်းစီးပွဲပညာ၌လည်း နွယ်မြက် သစ်ပင်ဆေးဖက်ဝင်သော အညွန့်၊ အခက်၊ အရွက်များအားလုံးကို အသုံးပြုထားသောကြောင့် ဆေးပညာမဟာဘုတ်နှင့် ဗေဒင်ပညာမဟာဘုတ်တို့သည် ထပ်တူထပ်မျှတူညီနေသည်ကို အထူး သတိပြုသင့်ကြပေသည်။
ထို့ကြောင့် ဗေဒင်အချုပ်မဟာဘုတ်နိဒါန်းဗေဒင်ပညာတွင် အသုံးပြုထားသော အညွန့်၊ အခက်၊ အရွက်များအားလုံးတို့သည် နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုထားသည့် စကား၏ အဓိပ္ပါယ်အရ ဝိဇ္ဇာဓရ၊ ဗေဒတ္တနယ ဆေးပညာနည်းနှင့်ဆက်နွယ်နေသော မြန်မာ့တိုင်းရင်း ဆေးပညာ ဖြစ်ပေသည်။
ယနေ့ဆိုလျှင် နဝင်းစီးပညာသည် မြန်မာနိုင်ငံနေရာအနှံအပြား အသုံးပြုနေကြသည်ကို ကြားသိနေရပါသည်။ အချို့သောနေရာဒေသများတွင် သူတို့နည်းသူတို့ဟန်ဖြင့် သိရှိသကဲ့သို့ အမျိုးမျိုးအဖုံဖုံ၊ အခေါ်အဝေါ် နာမည်များပါပြောင်းလဲခေါ်ဆို၍ သော်လည်းကောင်း၊ နည်းများစုံ ချဲ့ထွင်၍သော်လည်းကောင်း၊ မူရင်းပညာကိုဖုံးကွယ်ပြီးအသုံးပြုနေကြပေသည်။ အမှန်အားဖြင့် နဝင်းစီးပွဲပညာသည် မြန်မာနိုင်ငံမှလွဲ၍ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှမရှိနိုင်ပါ။ ထိုနည်းတူစွာ မြန်မာနိုင်ငံအတွင်း၌လည်း ကျွန်ုပ်၏သင်တန်းဆင်းသော သင်တန်းသားများနှင့်(သို့မဟုတ်)ကျွန်ုပ်၏ ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း စာအုပ်ကြီးဖြန့်ဝေထားမှုကြောင့် သိရှိထားကြသူများဖြစ်ပေသည်။ တန်ခိုးစွမ်းအားကြီးမားသော မည်သည့်ပညာမဆို ပုဂ္ဂိုလ်ထူးများနှင့် စွမ်းအားရှင်အစောင့်အရှောက်များ တည်မှီနေသည်ကို နားလည်ထားသင့်ပေသည်။ ကိုင်တွယ်အသုံးပြုနေကြသော ဆရာများသည် ကိုယ်ကျင့်သီလသန့်ရှင်စင်ကြယ်မှုနှင့် တီထွင်ကြံဆ ဖော်ထုတ်မှု ပြုလိုက်သော မူလ၊ မူရင်း ပညာရှင်၏ အယူအဆများကို ခြေဖျက်ရာမရောက်အောင် သတိပြုကြရန်နှင့် မူရင်းပညာရှင်၏ ဂုဏ်ကျေးဇူးကို တန်ဖိုးထားပြီး အသိတရားရှိကြပါဟူ၍ သတိပေးရေးသားပြီး မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
(ဗေဒင်အချုပ် မဟာဘုတ် နိဒါန်း ဆရာကြီး ဦးကြာမြင့်)
နဝင်းစီးပညာ၏ အကျိုးကျေးဇူးပြုပုံအကြောင်း
၁။ ဥပစ္စေဒကံ ဥပါဒ်ဘေးဆိုးအမျိုးမျိုးမှ ကာကွယ်ထားနိုင်ခြင်း
၂။ ဆေးဝါးဓာတ်စာအမျိုးမျိုးတို့ဖြင့်ကုသနေသော်လည်း ဆေးကုခက်၍ ဆေးမတွေ့ ဆေးမတိုးသော ဝေဒနာရှင်ဂေါရာဖြစ်သူများအား အခက်အခဲမရှိ လွယ်ကူစွာပျောက်ကင်း စေနိုင်ခြင်း။
၃။ ခွဲစိပ်ကုသမှုပြုကြရမည့် ဝေဒနာရှင်ရောဂါဖြစ်သူများအား ခွဲစိပ်ကုသနေချိန်၌ အခက်အခဲ အမျိုးမျိုးနှင့် ဥပါဒ်ဘေးဆိုးများ မဖြစ်ကြရန် ကြိုတင်၍ ကာကွယ်ထားနိုင်ခြင်း။
ထိုနည်းတူစွာ ခွဲစိပ်ကုသပြီးနောက်ပိုင်းအခက်အခဲအမျိုးမျိုး ဖြစ်နေကြလျှင် ထိုသည့် အခက်အခဲမှ ကင်းလွတ်အောင် ကုသနိုင်ခြင်း။
၎။ ကလေးမီးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များ အနှောက်အယှက် အခက်အခဲအမျိုးမျိုးမှ လွတ်ကင်းစေပြီး လွယ်ကူစွာ မွေးဖွားနိုင်ရန် ကာကွယ်ထားနိုင်ခြင်း။
၅။ ခဏခဏရောဂါဖြစ်၍ ချူချာနေသော ကလေးငယ်များ၏ ရောဂါအမျိုးမျိုးတို့အား ကာကွယ်ကုသပေးနိုင်ခြင်း။
၆။ အိမ်ခိုက်မြေခိုက်၊ အိမ်ကြမ်းမြေကြမ်းများအား မြေလှန်ပန္နက်များရိုက်၍ ရှင်းလင်းပေးနိုင်ခြင်း။
၇။ သိမ်၊ ကျောင်း၊ တန်ဆောင်း၊ ဇရပ်၊ တိုက်တာအဆောက်အဦကြီးများအား မြေလှန်ပန္နက် ရိုက်၍ ဆောင်ရွက်နိုင်ခြင်း။
၈။ စုန်း၊ နတ်၊ ပယောဂများနှင့် ဖုတ်သက်ဝင်ရောဂါဖြစ်နေသူများအား ကာကွယ်ကုသပေး နိုင်ခြင်း။
၉။ ပြည်တွင်း၊ ပြည်ပခရီးသွားမှု ပြုကြရာ၌ လေယာဉ်မီးရထား၊ မော်တော်ကား၊ သင်္ဘောပျက်၍ အသက်ဥပါဒ်ဘေးများ ကြုံတွေ့နိုင်ခြင်းမှ လွတ်ကင်းကြသည့်အပြင် ရောက်လိုသော ခရီးကို လည်း အခက်အခဲမရှိ လွယ်ကူစွာ ရောက်ရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း။
၁၀။ မိမိချစ်ခင်သော အိမ်မွေးသတ္တဝါများနှင့် မိမိအားအကျိုးပြုသော မွေးမြူရေး၊ ကြက်၊ ဘဲ၊ ဝက်၊ ကျွဲ၊ နွား၊ သတ္တဝါများကိုပါ ဘေးဥပါဒ် အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ခြင်း။ (သို့မဟုတ်) ဖြစ်နေဆဲ ကာလ၌လည်း ကြိုတင်ကာကွယ်နိုင်ကုသနိုင် ကြပေသည်။
နဝင်းစီးဓါတ်ယတြာနှင့်ပတ်သက်၍
သက္ကရာဇ်(၂၀ဝ၁)ခုနှစ်၊ ဇန္နဝါရီလတွင် အစိုးရမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ]]တိုင်းရင်းဆေးပညာ သင်တန်းကျောင်း}} ]]တိုင်းရင်းဆေးဆရာများသင်တန်းအမှတ်စဉ်(၁)ရန်ကုန်မြို့၌}} ဝိဇ္ဇာဓရနယ (နဝင်း) ဆေးပညာကို ဗေဒင်အချုပ်မဟာဘုတ်နိဒါန်းကျမ်းပြု ပညာရှင်တိုင်းရင်းဆေးဆရာကြီး ဦးကြာမြင့် ကိုယ်တိုင် သင်တန်းပို့ချခဲ့ပြီးဖြစ်သည်။
(၇)နေ့သားသမီးများ အားလုံးအထူးသတိပြုကြရန်မှာ
မိမိယခုရောက်ရှိနေသော အသက်ကိုတည်ထားပြီး အရပ်(၈)မျက်နှာ (၈)ဂဏန်းဖြင့်စားလျှင် အြွကင်းသည် (၄)ြွကင်းသော်လည်းကောင်း(သို့မဟုတ်)(၇)ြွကင်းသော်လည်းကောင်း၊ ထိုသည့် အြွကင်းနှစ်များနှင့် တိုက်ဆိုင်နေလျှင် ကျန်းမာရေးချူချာကာ ဆေးအကုခက်၍ ဆေးမတိုးသော နှစ်များ ဖြစ်သောကြောင့် ရောဂါဝေဒနာ အပြင်းအထန်ဖြစ်တတ်သောကြောင့် အထူးသတိပြုသင့်ကြ ပေသည်။
ကလေးငယ်များဆိုလျှင် (ရက်)သားများ (၄)ရက် (၇)ရက်၊ (လ)သားများ (၄)လ (၇)လ (နှစ်)သားများ (၄)နှစ် (၇)နှစ် အသက်အရွယ်များနှင့် တိုက်ဆိုင်နေလျှင် ကျန်းမာရေး၊ ဥပါဒ်ဘေးဆိုးများ ဖြစ်တတ်ကြောင်းကို အထူးသတိပြုသင့်ပေသည်။
နဝင်းစီးပွဲပူဇော်ရန် ပစ္စည်း(၉)မျိုး
၁။ အပ်ချည်လုံး(၂)လုံး(အဖြူရောင်အကောင်းစား)၊ နိုင်လွန်ချည်မပါလျှင်ပိုကောင်းသည်။
၂။ ဆန်(၉)လုံးသန့်သန့်။
၃။ ဆီ(၉၀)သားသန့်သန့်
၎။ ငွေ ( )။
၅။ အမွှေးတိုင်အကောင်းစား(၁)ထုပ်။
၆။ ဖယောင်းတိုင်(၃၂)တိုင်အထုပ်ကြီး(၁)ထုပ်။
၇။ ကွမ်းရွက်(၅)ကျပ်သား၊ ကွမ်းသီးအခြမ်း(၁၀)ကျပ်သား။ ထုံးသေးသေး(၁)ထုပ်။
၈။ လက်ဘက်အသား(၅)ကျပ်သား၊ ကြက်သွန်ကြော်၊ နှမ်းအညီအမျှ။
၉။ ဘုရားတင်ရန်ပန်းကြိုက်နှစ်သက်ရာ ကြိုက်သလောက်ဝယ်ခဲ့ပါ။
အတုနှင့်အစစ်
အထက်ဖော်ပြပါ နဝင်းစီးပွဲကြီး၏ ယတြာဓာတ်ဆင်ရိုက်ပညာသည် ကျွန်ုပ်အနေဖြင့် အမျိုးမျိုးအဖုံဖုံ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်၍ ရှာဖွေမှုပြုခဲ့ပြီး ကိုယ်ပိုင်ဥာဏ်စွမ်းဖြင့် တီထွင်ကြံဆ ဖော်ထုတ်ခြင်း ဖြစ်ပေသည်။ တစ်ကိုယ်ကောင်းဆန်ဆန် အတ္တစိတ်ထားဖြင့် သိုဝှက် ထားခြင်းမပြုပဲ အများအကျိုးရည်ရွယ်ပြီး ဖော်ထုတ်မှုပြုခဲ့ရာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံအနှံ့အပြား အသုံးပြုနေကြသည်ကို ကြားသိနေရသောကြောင့် လွန်စွာမှအားရဝမ်းသာဖြစ်မိပါသည်။ သို့သော်လည်း နဝင်းစီးပွဲကြီး ဓာတ်ဆင်ဓာတ်ရိုက်ပညာသည် မဟာဘုတ်ဓာတ်ကြီးငါးပါးကို အခြေခံထားပြီး ခြေမန်းကွင်း(၅)ကွင်းနှင့် အညွန့်၊ အခက်၊ အရွက်များကို နဝင်းဓာတ်သက်သွင်း၍ အသုံးပြုထားသော ပညာဖြစ်ပေသည်။ (အစစ်)သည်လူသိများ၍ နာမည်ကျော်ကြားလာလျှင် (အတု)သည်နောက်မှ ပါလာစမြဲဟူသော စကားအရ အချို့သောဆရာများသည် တုပ၍အခြေခံ အခြေအမြစ်ကို တိတိကျကျနားလည်ခြင်းမရှိ မူရင်းပညာအယူအဆများကို ဖုံးကွယ်၍သော် လည်းကောင်း၊ ချဲ့ထွင်၍သော်လည်းကောင်း၊ ခြေမန်းကွင်း(၉)ကွင်းပညာဟူ၍ သာလွန်သော ပို၍ကောင်းသည်ဟူသော အယူအဆများဖြင့် လုပ်ဆောင်ပေးနေကြသည်ကို ကြားသိနေရသည်မှာ လွန်စွာမှ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။
အခြေခံမူရင်းဖြစ်သည့် ဓာတ်ကြီးငါးပါး ခြေမန်းကွင်းဖြင့် လုပ်ဆောင်ပေးရသော နဝင်းစီးပညာသည် စွမ်းအားကြီးမားသော ပညာဖြစ်သဖြင့် အမှားအယွင်များ ဖြစ်ခဲ့လျှင်လွန်စွာမှ အန္တရာယ်ကြီးမားသောကြောင့် ယုံကြည်အားကိုးစွာ လုပ်ဆောင်နေကြသော လူများသည် အထူးသတိပြု၍ လုပ်ဆောင်ကြရန် အသိပေးရေးသားလိုက်ရပေသည်။
အနန္တကျေးဇူးရှင်များကို သိကြ၊ မြင်ကြပါ။
၁။ ဘာသာသည် - ယဉ်ကျေးသိမ့်မွေ့မှုကို သိမြင်မှု။
၂။ မာတာပီတုသည် - သားသမီးများအသက်ရှည်လိုမှု။
၃။ အာစရိယသည် - တပည့်များအား၊ အသိပညာ အတတ်ပညာြွကယ်ဝစေလိုမှု
ထိုသည့်အတွက်ကြောင့်
၁။ ဘာသာသည် - ဥပစ္ဆေတကကံ ဥပါဒ်ဘေးဆိုးများမှ အကာအကွယ်ပြုစေသည်။
၂။ မာတာပီတုသည် - အာယုအသက်ရှည်မှုကိုပြုစေသည်။
၃။ အာစရိယသည် - ဘဝ၏ ပြည့်စုံအောင်မြင်မှုများကို ပြုစေသည်။
ထို့ကြောင့် ဖုံးကွယ်၍မရကောင်းသော အနန္တကျေးဇူးရှင်များ ဖြစ်ကြသည့် ဘာသာကို ငွေ(၁၀ဝ၀ဝ၀)ကျပ်လှူပါ ထိုနည်းတူစွာ အာစရိယကိုလည်း ငွေ(၁၀ဝ၀ဝ၀)ကျပ်လှူပါ။ နည်းလိုသည်ကနည်း၍ များလိုသည်ကများနေကြသည့် ဖြစ်ရပ်မျိုးကို ရှောင်ရှားကြစေပြီး တပြေးတစ်ညီတည်း ညီတူညီမျှ ထောက်ပံ့လှူဒါန်း၍ အကျိုးကျေးဇူးများပြုကြလျှင် ကိုယ်၊ စိတ်၊ နှုတ်(၃)ပါး လိုရာဆန္ဒ ပြည့်စုံအောင်မြင်မှုများ ရရှိကြလိမ့်မည် ဖြစ်ပေသည်။
(ဗေဒင်အချုပ် မဟာဘုတ် နိဒါန်း ဆရာကြီး ဦးကြာမြင့်)
No comments:
Post a Comment