Thursday, May 29, 2014

အဘယ့်ကြောင့်ဆိုသော်

        အဘယ့်ကြောင့်ဆိုသော် ဘုရားလည်းမကယ်နိုင်၊ နတ်လည်း မç မနိုင်၍ ကိုယ်အားကိုယ်ကိုးနိုင်ရန် - ဗုဒ္ဓနည်းကျ ဝိဇ္ဇာပညာက (သိပ္ပံခေတ်အမြင်ဖြင့်) လမ်းညွှန်ပေးသည်။
        လောကီ၌ လောကဓံ၏ သဘောမှာ(၈)နှစ်လျှင် တစ်ကြိမ်ကျ - လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးတို့ကို ပြောင်းလဲနေသည်။ ゞင်း(၈)နှစ်မှာပင် (၄)နှစ်သည် ကံကောင်းနေပြီး၊ ကျန်(၄)နှစ်မှာ ကံဇာတာယာယီညံ့နေသည်ဟု ကြိုတင်သိမြင်ထားရပေမည်။
        လောကဓံ(၈)ပါး သဘောအရ- (ယဘော + သုခံ + ပဿာ + လာဘော)ခွင့်၌ ယခင်ဘဝ အတိတ်ကံသည် (၄)နှစ်ကံကောင်းနေသည်ဟု သိရလျှင် လက်ရှိဘဝမှာကံ (အလုပ်ဖြင့်) လုပ်ယူရမည်ဖြစ်ပြီး- ゞင်း (၄)နှစ်တွင် - ပထမ (ယသော + သုခံ) (၂)နှစ်သည် အကြောင်း (ပဿာ + လာဘော)- ဒုတိယ (၂)နှစ်သည် အကျိုး (လုပ်မှရမည်) ရအောင်လုပ်ယူရမည့် နည်းလမ်းများ ညွှန်ပြသည်။
        လောကဓံ (၈)ပါး သဘောအရ ယခင်ဘဝ အတိတ်ကံက (အယသော+ဒုက္ခံ+ နိန္ဒာ + အလာဘော)- ゞင်း (၄)နှစ် ကံဇာတာ ယာယီညံ့နေသည်ဟု သိရလျှင် ယခုပစ္စုပ္ပန်ကံ (အလုပ်ဖြင့်) ပြိုကွဲပျက်စီးမှု မဖြစ်ရလေအောင် ထိန်းသိမ်းလိုက်နာရမည်ဖြစ်လေသည်။ ယခု (၄)နှစ်သည်လည်း ကံကောင်းချိန် (၄)နှစ် ကဲ့သို့ပင် (အယသော + ဒုက္ခံ)ပထမ (၂)နှစ်သည် အကြောင်း (နိန္ဒာ + အလာဘော) ဒုတိယ(၂)နှစ်သည် အကျိုး (လုပ်လျှင်ပြုတ်မည်) ပြိုကွဲပျက်စီးမှု ဘေးမှ လွတ်ကင်းသက်သာအောင် နေထိုင်လုပ်ကိုင်နည်းများ ညွှန်ပြသည်။

သေဘို့စားမှာလား၊ နေဖို့စားမှာလား
မတဲ့စာ (၂)မျိုး          နှမျောစာနှင့် အားနာစာ
သင်ဘယ်လိုလူစားလည်း မပြောဘဲသိတဲ့လူ
ပြောမှသိတဲ့လူ ပြောတောင်မသိတဲ့လူ
တူရာတွေစု၍ တန်ရာတွေသာ ရမည်။
သင်ကြောက်စရာအကောင်းဆုံးသည် သင်၏ စိတ်ပင်ဖြစ်သည်။

No comments:

Post a Comment