နက္ခတ္တရောင်ခြည် မဂ္ဂဇင်း - အမှတ်-(၁၇၅)၊ စာမျက်နှာ - (၂၅၁) အင်တာဗျူး
ဆရာဦးထွန်းရီ
လောကဓံရှစ်ပါးနှင့်တွေ့ဆုံခြင်း
ဗေဒင်ဆရာ၊ ဆရာမများစုဝေးရာ မိုးကောင်းဘုရားသို့ ရောက်ရှိခဲ့သည့်နေ့မှာဖြစ်သည်။ပထမဦးစွာမြင်ဖြစ်ခဲ့ရသည်က စာတန်းများပင်ဖြစ်၏။
လိုချင်လောဘမရှိကြနှင့်။ ဖြစ်ချိန်တန်လျှင်ဖြစ်လာလိမ့်မည်။ ဖြစ်လာမည့်အချိန်ကို ကြိုတင်သိထားဖို့ အရေးကြီးသည်။ ဖြစ်လာမည့် အချိန်တွင်ရပိုင်ခွင့်များ အမှန်တကယ် ရလာအောင် ဘယ်လိုနေထိုင်၊ ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ သိရဲ့လား။
ပူပင်ကြောင့်ကြမရှိ ကြနှင့်။ ပျက်ချိန်တန်လျှင် ပျက်လိမ့်မည်။ ပျက်မည့်အချိန်ကို ကြိုတင်သိထားပြီး ကြုံတွေ့နေရသည့် လောကဓံအဆိုးတွေကို သက်သာလွတ်ကင်းအောင်ဘယ်လို နေထိုင်လုပ်ကိုင်ရမယ်ဆိုတာ သိရဲ့လား။ ကိုယ်ချင်းစာတရားနဲ့ဆရာ ဒီမှာရှိသည်တဲ့။
နိုင်ငံခြားမှာတော့မသိဘူး၊ မြန်မာပြည် တစ်နံတလျားမှာ ဒီလိုဆိုင်းဘုတ်မျိုး၊ ဒီလိုဗေဒင် ဆရာမျိုးတစ်ခါဆိုတစ်ခါမှ မကြုံ၊ မဆုံ၊ မတွေ့ဖြစ်ဖူးဘူးလို့ ကျွန်တော်စိတ်ဝင်တစားနဲ့ ဝင်ရောက် ဆွေးနွေးဖြစ်ခဲ့သမျှ အကြောင်းအရာများကို နက္ခတ္တရောင်းခြည် စာဖတ်ပရိတ်သတ်ကြီးအား လေးလေးစားစားဖြင့် ပြန်လည်တင်ပြအပ်ပါသည်။ ယူသော်ရ၏ ဟူသောစေတနာအရင်းခံနှင့်သာ ဖြစ်၏။
ဆရာ့ဆီရောက်လာတဲ့ ဗေဒင် မေးသူက သူ ဘယ်တော့ ထီပေါက်မှာလဲ၊ ငွေအစုလိုက်အပြုံလိုက် ဝင်မှာလဲ၊ ထီပေါက်/မပေါက်၊ ငွေဝင်/မဝင် မေးလာခဲ့ရင် ဆရာ့အနေနဲ့ ဘယ်လိုတွက်ပြီးဘယ်လိုအကြံÓဏ်ပေးနိုင်ပါသလဲဆရာ။
္ဓ ကျွန်တော်တို့ရဲ့ လောကဓံ(၈)ပါးပညာရပ်အနေနဲ့ပြောရမယ်ဆိုရင်
၁။ ဂြိုလ်ရှစ်ခွင်ဇယားကွက်သဘောအရ အကောင်းဂြိုလ်ခွင်များဖြစ်ကြတဲ့ (ရာဟု-သောကြာ- တနင်္ဂနွေ-တနင်္လာ) ဂြိုလ်ခွင်များမှာ လာမေးသူ ကာယကံရှင်ရဲ့ အသက် ရောက်ရှိနေချိန်။
၂။ မေးသူကာယကံရှင်ရဲ့ မရဏဂြိုလ်နှင့်လွတ်ကင်းခြင်း။
၃။ ဘုမ္မိကြီးနယ် အတွင်းမှလွတ်ကင်းနေချိန်။
၎။ မေးသူကိုယ်တိုင်က အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြုလုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိရန်ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်။
၆။ မိမိမပိုင်ဆိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေး၊ ရတနာ အစရှိသည်များကို ယာယီ လက်ခံထားရှိမှု မပြုခြင်း။
စတဲ့အချက်များနဲ့ တိုက်ဆိုင်ညီညွတ်ပြည့်စုံနေတဲ့ကာလမှာ ထီထိုးပါ။
အထူးသဖြင့် လောကဓံရှစ်ပါးရဲ့ လာဘော(ငွေကြေးပြေွါကယ်ခြင်း)
တနင်္လာဂြိုလ်တွင် တိုက်ဆိုင်မှုအလွန်များတာကိုတွေ့ရပါတယ်။
ကျွန်တော်အထူးပြောချင်တာကတော့ ကျွန်တော်ဖတ်မိခဲ့သမျှ ရှေးခေတ်က ဘယ်ဗေဒင်ကျမ်းမှာမှ ထီပေါက်ကိန်း၊ ထီပေါက်ကံ၊ ထီပေါက်မယ်၊ မပေါက်ဘူးဆိုတာ လုံးဝရှာလို့ မတွေ့ရဘူးဗျ။ ဟိုတုန်းကလဲ ထီတွေဘာတွေရှိချင်မှရှိမှာ။ အခုကျမှ ခေတ်ကာလကို လိုက်ပြီးဟောပြောနေရခြင်း ပါပဲ။
တကယ်တော့ ငွေဝင်ကိန်းရှိတယ်ဆိုရင်ပဲ လုံလောက်ပါပြီဗျာ။ ငွေဝင်ကိန်းရှိတယ်ဆိုတဲ့ နေရာမှာ အခုအခါလို ထီပေါက်ခြင်း၊ ငွေအလုံးအရင်း အကူအညီထောက်ပံ့မှုရရှိခြင်း၊ အိမ်၊ ခြံ၊ မြေ၊ ကား စတဲ့ တစ်ခုခုကိုရောင်းလို့ငွေရရှိခြင်း၊ အမွေရရှိခြင်း၊ စီးပွားရေးလုပ်ငန်း တိုးတက်/အရောင်းအဝယ်လိုက်ခြင်း၊ တစ်ပါးသူက လာရောက်အပ်နှံထားခြင်းများနဲ့ အကြောင်း အကျိုး တိုက်ဆိုင်မှုများသာ ဖြစ်တယ်ဗျ။
္ဓ ကိုယ်ရဲ့အိမ်ထောင်ဖက် အိမ်ပေါ်ကဆင်းသွားလို့ ကိုယ့်ဆီပြန်လာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆရာ ဆိုပြီး ရောက်လာတဲ့ သူမျိုးအတွက်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနိုင်ပါသလဲဆိုတာ သိပါရစေ ဆရာ။
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အိမ်ပေါ်ကဆင်းသွားတယ်။ သူပြန်လာအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုရင် ဥပမာ-တနင်္ဂနွေ သား/သမီး ဆိုကြပါစို့။
ထွက်သွားသူရဲ့ မွေးနံ နဝင်းပေါ်ချိန် တနင်္ဂနွေနေ့ နံနက်(၉)နာရီမှ(၁၀)နာရီခွဲအတွင်း (၉နာရီ၄၅ခန့်)ထွက်ခွာသွားသူရဲ့ အိပ်ရာ(သို့မဟုတ်)ဘုရားစင် ရှေ့တွင်ရွက်လှ(၁၇)ညွန့်၊ ဇော်စိမ်း(၈)ညွန့်၊ အဖျားပိုင်းကို ခြေရင်းဘက် လှည့်ထားပြီး နှစ်ခုခွဲ၍ခင်းပါ။ အဲဒီအညွန့်ပေါ်မှာ ဖျာခင်း၊ ဖျာပေါ်မှာ အိမ်မှထွက်သွားသူရဲ့ အဝတ်အစားကို ခေါက်လျက် (လုံချည်ပေါ်မှာ အင်္ကျီထားရန်)တင်ထားပါ။ အင်္ကျီရဲ့အလယ်လောက်မှာ ပန်ကန်ပြားအဝိုင်လေးတင်၊ ပန်းကန်ပြားပေါ်မှာဖန်ခွက် တစ်ခွက်ထဲရေဖြည့်။ ကံ့ကော်ညွန့်(၁၅)ညွန့်ကို အဲဒီဖန်ခွက်ထဲမှာ ထိုးလှူထား။ မေတ္တာသုတ်ကိုရွတ်ဖတ် ပူဇော်ပါ။
သောကြာသားသမီးတစ်ယောက်ယောက်က ကူညီဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်ပါတယ်။ ဒါကဥပမာသဘောပါ။
ကျန် ရက်သားသမီးတွေအတွက်ဆိုရင် သိပ်ရှည်နေမှာစိုးလို့ ဒီလောက်ပဲကောင်းပါတယ်။ ကျွန်တော်ရဲ့ သုတေသနပြုချက်များအရ လူဆယ်ယောက်မှာ ရှစ်ယောက်ပြန်ရောက်လာတာတွေ တွေ့ရှိ မှတ်တမ်းတင်ထားတယ်။
ÄÄÄ
No comments:
Post a Comment