--------လျာနှစ်ချောင်းအပိုပါသလား-(ရာဇာ)
(-ဘာတွေများဒီလောက် စိတ် ဝင်စားနေတာလည်းဆရာကြီး}}
ကျွန်ုပ်သည်ဖတ်လက်စစာကိုဖြတ်လိုက်
ပြီးအသံလာရာဆီသို့ကြည့်လိုက်ရာတ
ပည့်ကျော်ဖြစ်နေလေသည်။
]]ထုံးစံအတိုင်းဗေဒင်လောက
ရဲ့အားနည်းချက်/အားသာချက်လေး
တွေရှာဖွေဖတ်နေရတာပေါ့၊ဒါမှလည်း
ဗေဒင်လောကနဲ့လူထုကိုဆက်သွယ်ပေး
နေတဲ့လမ်းကြောင်းဖြောင့်မှာပေါ့}}
]]ဆရာကြီးဘဲအေးတယ်၊
ဘယ်အချိန်ကြည့်ကြည့်အေးဆေးဘဲ}}
]]ဖြေးဖြေးပြောပါမောင်ရင်
ဆင်လည်းဆင့်အထွာ၊ဆိတ်လည်းဆိတ်
အထွာပေါ့၊လူရယ်လို့ဖြစ်လာပြီးအရွယ် ရောက်လာပြီဆိုတာနဲ့ဒုက္မကရောက် လာမှာဘဲတော်ကြာလောကဓံပညာ ရှင် တွေကြားသွားလို့ဒုက္မမရှိတဲ့လူဆိုပြီး လူထူးလူဆန်းဆိုပြီးရောက်လာပါဦးမယ်}}
]]ဒီလောက်တောင်ဘဲလား
ဆရာကြီးရယ်}}
]]လောကဓံပညာရှင်တွေက တော့ ဒါ့ထက်ဆိုးသေး}}လို့တောင်ပြော လို့ရသေးတယ်မောင်ရင်}}
]]ဟိုတလောလေးဆီက
ဆောင်းပါးလေးတပုဒ်ဖတ်လိုက်ရတယ်
]]လုပ်စမ်းပါဦး-ဘာအ
ကြောင်းအရာလည်း၊}}
]]သိကြားမင်းတောင်ဖျက်လို့
မပျက်နိုင်ဘူးဆိုတဲ့ဆောင်းပါးနဲ့မင်းကွန်း
ခေါင်းလောင်းကြီးအကြောင်းပါ}}
]]တိုက်တိုက်ဆိုင်ဆိုင်ဆရာ
လည်းဖတ်လိုက်မိတယ်}}
]]ဒီဆောင်းပါးလေးကိုဘယ် လို သဘောရလည်းဆရာကြီး}}
]]သူ့အမြင်နဲ့သူတော့မဆိုးပါ
ဘူး။တဖက်ကလည်းသူ့ပညာအမြင်နဲ့ သူရေးတာဆိုတော့ ဘယ်လိုပြောရမလဲ
အားလုံးကောင်းပါသည်ပေါ့။-ဒါပေမဲ့
]]ဒါပေမဲ့ဘာဖြစ်လဲဆရာကြီး}
]]ဗေဒင်ဟောကွက်နဲ့ ပတ်သက်လို့လူသိနည်းတဲ့အရေးပါတဲ့ ဟောကွက်လေးတွေအကြောင်းပြော ရ ဦးမယ်}]
]]ဘယ်သူဟောတာလည်း ဘယ်လိုဟောကွက်မျိုးလည်းဆရာကြီး}}
]]ဘယ်သူဘယ်ဝါထက်အ
ကြောင်းအရာကအဓိကပါ။တချို့စာကို
ဖတ်လိုက်တာနဲ့ဘယ်သူရေးတာလည်း ဆိုတာသိနိုင်ပါတယ်၊ဒါကြောင့်ဆရာပြော တာဆက်နားထောင်ပါဦး။
(၂၀၁၃)မှာထွက်လာတဲ့ (ဆရာကြီးနှင့်ထူးဆန်းသောလျှာ အပို နှစ်ချောင်း )စာ
အုပ်နှစ်အုပ်တွဲရဲ့(ဒုတိယတွဲ)စာမျက်နှာ
(၆၉)မှာရေးထားတာက]]]]]]]]
တစ်နေ့--တွံတေးတရားဟောပွဲမှာ ဆရာကကျွန်တော့်မွေးနေ့မွေးရက်မေး
လာသည်။ လက္မဏာကိုလည်းကြည့် သည်။တွဲလာတာကြာပြီဖြစ်သော်လည်း
တစ်ခါမှဒီလို မကြည့်ပေးဘူးခဲ့။ကျွန် တော်ကလည်းအဟောခံချင်နေတာနဲ့
အတော်ပဲဖြစ်သွားသည်။ဆရာကသေ သေချာချာကြည့်ပြီးမှ ဘဝမှာအပြောင်း အလဲတွေအများကြီးတွေ့သွားမယ်။အလုပ်တွေခဏခဏပြောင်းလုပ်ရမယ်။
လုပ်တိုင်းအောင်မယ်။ (ဘာမှမပူနဲ့အဖမ်းခံရစရာ အ ချုပ်အနှောင်ခံရတာမရှိဘူး။လုပ်စရာရှိတာတိုးပြီးလုပ်)ဟုဟောခဲ့ သည်။
ကျွန်တော်လည်းတော်တော်သဘော ကျသွား၏။အကောင်းတွေချည်းမဟုတ် လား။( သို့သော်လည်းဆရာဟော အပြီး (၁)လ အကြာ ကျွန်တော် အဖမ်းခံရ လေတော့သည်။)။
]]ဆရာကြီးပြောသလိုသာဆို
ရင်အမြဲတွေ့နေရတဲ့သူတွေမျက်နှာပူစ
ရာကြီးနော်}}
]]နောက်တစ်ပိုဒ်က(စာမျက် နှာ-၆၅/၆၆)မှာဆရာကြီးကသူသွား
အဖမ်းခံတော့မည်။သူ့အ ကြောင်းသူဗေ ဒင်တွက်ပြီးသားဟူ၏။
(ဒီမှာကြည့်မင်းလည်းဗေဒင်နား လည်သားဘဲ။ငါအလွန်ဆုံးအ ချုပ်ထဲမှာ နေ ရလှနှစ်လပဲ ကွ) သို့သော်လည်း (ဆရာအနှစ်- ၂၀-ကျသွားလေသည်။)-(၂)တော့(၂)ပဲနှစ် လ နဲ့နှစ်(၂၀)။တော်တော်ကွာသွားချေပြီ။ဗေဒင်ဆရာ တစ်ယောက်ဘယ် နှစ်ခါ လောက်များ မှားခွင့်ရှိလေမလဲဟုမေးလိုက်ချင် တော့သည်။ဟုရေးထားလေသည်။
]]ဘယ်သူလည်းဆိုတာစဉ်း စား ပေမဲ့အဖြေကမသေချာသေးဘူးဆ
ရာကြီး}]
]]ဒါဆိုလည်းဆက်နားထောင်
ကြည့်လေ--ထောင်ထဲမှာထိုဆရာနှင့်
ပြန်တွေ့သည်ဟူ၏။လူဆိုသည်မှာကိုယ်ပိုင်အမူအကျင့်စရိုက်သဘာဝ ပြောင်း လေ့မရှိ။ကျားတွေကမှအစင်း မပျောက်တာမဟုတ်လူကကိုယ့်လက္မ ဏာကိုယ်တော်တော်ထိမ်းသည်။
တဲ့။)ထောင်ထဲမှာလွတ်တဲ့စကား လောက်ကြားရတာနားဝင်ချိုတာမရှိ။
မင်္ဂလာရှိလှပါဘိ။သံ ခုလည်းကြည့်-(ဆရာဟော
လိုက်သည်တဲ့။နိုဝင်ဘာ(၃၀)ရက်
နောက်ဆုံးထလားပြီးအားလုံးလွတ် မည်သယဝင်သူတွေက
သေချာရဲ့လားဆရာရယ်ဟုမေးတော့
(မမှန်ရင်လျှာဖြတ်)တဲ့
သည်တော့လည်းအားလုံးကယုံကြတာ ပေါ့။
အဖြေကတော့နောက်တစ်နေ့(ဒီဇင်ဘာ
တစ်ရက်နေ့)မနက်မှာတော့ထိုဆရာမှာ
သူ့ဟောကွက်အမှားကိုမရှင်းနိုင်တော့
(ဝစီပိတ်တရားစခန်းဝင်)နေသည်ဟု
စကားဦးသန်းလိုက်လေတော့သည်။}]
]]ပိုင်လိုက်တဲ့ရိုက်ချက်ဘဲ]]
]]ဒီထက်ပိုင်တဲ့ရိုက်ချက်ရှိသေးတယ်။သူကပိုပြင်းထန်တယ်}}
]]ဘာများလည်းဆရာကြီးရယ်}}
]]အနှီဆရာကြီးသည်သူ၏ကြီးမားတဲ့ဟော
ကွက်အတွက်ဘာမှခံစားရပုံမပြ။ဘာတစ်ခွန်းမှမဟ။တရားမှတ်ပြီးအား လုံးလွတ်ရေးမေတ္တာပို့ပေးနေသည်တဲ့။သည်တော့လည်းအကျဉ်းသားအားလုံး
ကဆရာ့ကိုအားကိုးကြသည်။မကြာ ပါချေ။ဆရာကားဟောလေပြီ။
(ဇန်နဝါရီ-၃-ရက် နောက်ဆုံးထားပြီး အားလုံးလွတ် တော့မည်။ဒီတခါတကယ်။ဟေ့လူတွေ ကျုပ်ပညာ ကို ကျုပ်ယုံတယ်။(မမှန် ရင် ဒီတစ် ခါလျှာ တကယ် လာ ဖြတ်ကြလို့ဟောထုတ်လိုက် တယ်)။
ထုံးစံအတိုင်းမျှော်ကြလေပြန်ပြီ၊လွတ်
ကြောင်တွေကြောင်ကုန်ကြ၏။()
ကတောင်ကြေညာရတဲ့အထိကျော်ကြား
သွားတော့၏။
]]ဒီလောက်ဟိုးလေးတကြော်
ဖြစ်ခဲ့တာတောင်ကျနော်တို့မသိလိုက်
ရပါလားဆရာကြီး}}
]]လူတခုပူမှုဆယ်ကဋေဘဲ
ပြောရမလား၊သတိမမူဂူမမြင်ဘဲဆိုရ
မလား၊ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်}}
]]ဒီတော့ဘာတွေဆက်ဖြစ်
ကုန်လည်းဆရာကြီးတကယ်ထောင်က
လွတ်ကုန်ကြလား}}
]]ထပ်သရီး..တကယ်ဟော
တဲ့အတိုင်းဖြစ်ခဲ့ရင်ဒီလိုစကားတွေပြော
ဒီလိုစာတွေတောင်ရေးနေစရာမလိုတော့
ဘူးပေါ့}}
]]ဟုတ်သားဘဲကျနော်သိခြင်
ဇောများသွားလို့ပါဆရာကြီး}}
]]ဒီလိုနဲ့(ဇန်နဝါရီလ-၄-ရက်)
တာရောက်လာလို့ကျော်သွားတယ်၊
လွတ်ဖို့အကြောင်းဘာမှသတင်းမကြား
ရ။တုတ်တုတ်မှမလှုပ်ကြ။အားလုံး ကြောင်ကုန်ကြသည်။
]]ဆရာကြီးဆိုသူကတော့..
သူဘာမှမပြောခဲ့သလိုအိနြေမပျက်ပင်။
ထိုအကြောင်းကိုသိထားတဲ့လူကြီးပိုင်း
ကသွားမေးလိုက်တယ်။
စဉ်းစားကြပါလို့ခဏခဏပြောနေရတာ
ပေါ့မောင်ရင်}}
]]ဆရာကြီးလည်းဗေဒင်သ
တင်းတော်တော်လေးစုံအောင်လေ့လာ
ထားတာဘဲ}}
]]ဗေဒင်လောကနဲ့ဗေဒင် ပညာတိုးတက်ဖို့..ပညာစစ်ပညာမှန်တွေ
တည်တန့်ပြန့်ပွားဖို့..ဆရာစစ်ဆရာ
မှန်တွေပေါ်ပေါက်လာဖို့လုပ်နေတာဘဲ
ဒီလောက်တော့လေ့လာရမှာပေါ့}}
]]ကျနော်လည်းအနေချောင်
အစားချောင်လေးများဖြစ်မလားလို့ဗေ
ဒင်ဟောခန်းလေးဖွင့်ဖို့အကြံဥာဏ်လာ
တောင်းရင်းဆရာကြီးရဲ့အပြင် တပည့် အနေနဲ့နေလာခဲ့တာ..နှစ်ပေါင်းမနဲ တော့ပါလား။ ဗေဒင်လောကထဲစဝင် လာစဉ်ကထဲကရိုက်စားဗေဒင်ဆရာ တွေ လက်ထဲသာဝကွက်အပ်မိလိုက်ရင် ခုလောက်ဆိုကျနော်ဘယ်လိုဘဝမျိုး ရောက်နေလောက်ပြီလည်းဆိုတာ မတွေးဝံ့စရာဘဲဆရာကြီးရယ် }}
]]ဘာတွေတွေးပြီးခုမှ နောင်တ ရနေပြန်တာလည်းမောင်ရင်}} ]]ထင်တိုင်း လိုက်လုပ်ပြီး ရှိတာကုန်..ချွတ်ခြုံကြမှဆရာကြီးပညာ
ကိုလက်ခံလာသူဆိုတော့ဒီတသက်ဘယ် လိုပညာမျိုးနဲ့တွ့တွေ့တုံလှုပ်မှာမဟုတ်
တော့ဘူးဆရာကြီး}}
]]ခုဆရာကြီးပြောပြနေတာ တွေကအပြင်မှာထုတ်ဝေဖြန့်ချီနေတဲ့စာ
အုပ်တွေ.စာစောင်တွေထဲကလေ့လာ
ထားတာလောက်ဘဲရှိသေးတယ်၊နောင်
ကြုံမှ(အင်တာနက်ပေါ်မှ)ဗေဒင်သတင်း
လေးတွေရေးသားဖေါ်ပြပါဦးမယ်}}
]]အင်တာနက်ပေါ်မှာရှိတဲ့ ဗေဒင်သတင်းတွေကပညာပေးတွေနဲ့
အမေးအဖြေတွေမဟုတ်လားဆရာကြီး}}
]]ဘယ်ဟုတ်ပါ့မလည်းမောင်ရင်.. အပြင်မှာထက်ပိုစုံတာပေါ့ ကွာ။ မိမိယုံကြည်ရာကိုလွတ်လွတ်လပ်လပ်ရေး ကြ၊ဖလှယ်ကြတာကွ၊တော်တော်လေး စုံတယ်}]
]]ဆရာကြီးပြောမှပိုသိခြင် လာ
ပြီ။ဆက်ပြောပါဆရာကြီးရယ်}}
]]ဖြေးဖြေးပေါ့မောင်ရင်...
နောင်တပတ်ကြမှဆက်ပြောကြတာပေါ့}]
]]ဟုတ်ကဲ့ပါ..ဆရာကြီး }]
ရာဇာ(မြန်မာပြည်)
လိုက်ပြီဆိုတော့လုံချည်ခြုံကွေးဖို့သာရှိ၏
ည(၁၂)နာရီထိမျှော်လင့်နေဆဲ....မိမိတို့ရှိသမျှတွေပေးပြစ်ကမ်းပြစ်လိုက်
ကြတာခြုံစရာစောင်တွေတောင်ပေးပြစ်---?
No comments:
Post a Comment