Thursday, May 29, 2014

ဆရာကြီးရန်ကုန်ကျော်ရင်၏ ဩဝါဒ

    မြန်မာတွက်ရိုး နက္ခတ်ဗေဒင်ပညာကို ဆရာဦးအုန်းခင်၊ ဆရာဦးချစ်တင်၊ ဆရာဗိုလ်နှင့် ဆန်းကျမ်း ဗေဒင် ပညာရှင်ကြီး ဆရာ ဦးသိမ်းထွန်း တို့ထံတွင် လေ့လာ သင်ကြားခဲ့ ပါသည်။ သို့ဖြစ်၍ လဂ်ရိုးလဂ်ဆန်း ပညာတွင် နှံ့စပ်သူ တစ်ဦးဟုဆိုနိုင်ပါသည်။
    အလားတူလက္ခဏာပညာကို ပုရောဟိတ် ဆရာမြင့်ထံတွင် လော့လာဆည်းပူးခဲ့ပါသည်။

ဆန်းဗေဒင်ပညာသည်
တလောကလုံးကိုဆန်းစစ်သောပညာဖြစ်သည်။ အကြောင်းအရာဖြစ်စဉ်များကိုလောကသစ္စာမိုး၎မျိုး၊ အိုး၎မျိုးဖြင့်သာဆုံးဖြတ်ကြပါဟုမှာကြားခဲ့ပါသည်။

ဆရာကြီးရန်ကုန်ကျော်ရင်၏
ဩဝါဒ
    ဆရာကြီးသည် နှလုံးရည်သာမက လက်ရုံးရည်ပါ ထူးချွန်သူဖြစ်ရာ ဗမာ့လက်ရုံးရည် သိုင်းအဖွဲ့ နာယကဆရာကြီး ဦးအောင်သိန်း၏ ညာလက်ရုံး ဆရာတစ်ဆူဖြစ်ရာ၊ သိုင်း၊ ဗန်တို၊ ဗန်ရှည်ပညာကိုလည်း တတ်ကျွမ်းနားလည်သော ဆရာကြီးဖြစ်ပါသည်။
    နိုင်ငံဝန်ထမ်းအဖြစ်ံသကျငညါ သြမေိ မြို့ရွာနှင့်  အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး လုပ်သက် (၃၀)နှစ်တွင် အငြိမ်းစား ယူခဲ့ပါသည်။

    ခန္ဓာဇောတိ မဏိရတနာ ဝိပဿနာ စာမသာရကျမ်းပညာကို ဆရာကြီးဦးချစ်ပုံ၏ တပည့်ဖြစ်သော မော်လမြိုင်မြို့မှ မီးစက် အင်ဂျင်နီယာ ဦးမောင်မောင်ကြီးနှင့် ဆရာ ဦးဘိုြးွကယ်၊ ဆရာဦးစံတင်၊ ဆရာဦးÓဏ်လင်း၊ နာဂေါသဆရာကြီးဦးတင်တို့ထံတွင် လေ့လာ ဆည်းပူးခဲ့ပါသည်။
   
    အသက်(၂၇)နှစ်တွင် ပြည်မြို့ ရတနာ မာန်အောင်တောရဆရာတော် ဦးဝိဇ္ဇာဗလ (ရွှေဗျိုင်းနားဆရာတော်)ထံတွင် လောကီ၊ လောကုတ္တရာပညာများကို လေ့လာဆည်းပူး ကျင့်ကြံအားထုတ်ခဲ့ပါသည်။

    ပုဂ္ဂလပညတ်ဆေးပညာရပ်ကို နေလဝိဇ္ဇာ ဆရာခိုင်နှင့် ညောင်တုန်းမြို့ ဆရာကြိုင်တို့ထံတွင် ပညာရည်နို့ သောက်စို့ခဲ့ ပါသည်။
    ဆန်းကျမ်းဗေဒင်ပညာကို ဆရာကြီး ဦးထွန်းမြတ်၏ သားအရင်းဖြစ်သည့် ဆရာကြီး ဦးလွှမ်းမိုလ်းနှင့် ဆရာကြီးဦးသိန်းထွန်းတို့ထံ တွင်လေ့လာဆည်းပူးခဲ့ပါသည်။

    ဆရာကြီး ပခုက္ကူဆရာသိန်းထံတွင်လည်း ထပ်မံ၍ ဆန်းကျမ်းဗေဒင်ပညာ၏ လျှို့ဝှက်ချက် များကို လေ့လာဆည်းပူးခဲ့ပါသည်။

                   
    သာဝတ္ထိဆန်းကျမ်းပညာရှင် ဇေယျာသိဒ္ဓိ ဦးစိုးမင်းထံတွင်အင်္ဂဝိဇ္ဇာပညာ၊ အဋ္ဌာရသဝိဇ္ဇာ မဟိဒ္ဓိအင်းပညာ၊ သာဝတ္ထိဆန်းပညာတို့ကိုလည်း လေ့လာဆည်းပူးခဲ့ပါသည်။

    နန်းတွင်းသမားစစ်တမ်း၊ ဆေးပညာ နှင့်ရှင်မဟာဗုဒ္ဓဃောသဂိုဏ်းပညာကို ပြည်လုံး            ချမ်းသာဆရာကြီးဆရာကျော်ထံတွင် တပည့်ခံ၍ ကန့်ကူ လက်လှည့် သင်ကြားခဲ့ပါသည်။

    နိယာမဆေးပညာကို နိယာမဆရာကြီး ဆရာÓဏ်နှင့် ဆရာမကြီးဒေါ်နှင်းတို့ထံတွင်
 အန္တေဝါသိက တပည့်ခံ၍
ပုဂ္ဂလပညတ် ဓါတ်ပညာ နိယာမ ဆေးပညာတို့ ညှိနှိုင်းပေါင်းစပ်ကာ
ဓါတုနိယာမဆေးကုဋ္ဌာနအဖြစ်
အမှတ်(၁၈)၊ ဗိုလ်သူရလမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ဝေနေယျတို့အား ဆေးကုသပေးခဲ့ပါသည်။

ကွယ်လွန်ခါနီးအချိန်ထိ
ဗေဒင်ဟောခြင်း တိုင်းရင်းဆေးပညာပြန့်ပွားရေးအတွက် သင်တန်းပို့ချခြင်း၊ သစ္စာခံဆန်းကျမ်းဗေဒင်ပညာကိုလည်း ပညာအမွေအဖြစ် တပည့်များအား ပို့ချခဲ့ပါသည်။

ဆရာကြီးကောင်းရာသုဂတိလားပါစေ
ဆရာကြီး၏ သစ္စာခံတပည့်များ

No comments:

Post a Comment