Thursday, May 29, 2014

ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ ဒါမှမဟုတ်၊ ဖွင့်ဟဝန်ခံဖြောင့်ချက်များ----ထီဆရာများကို စိန်ခေါ်လိုက်ပြီ ဇောတိသဝေဒမဂ္ဂဇင်း-အမှတ်-(

    အဲဒီလိုပဲ ကျန်တဲ့နေ့နံသားသမီးများအတွက်ဆိုရင် သူတို့နဲ့ နေ့နံသင့် အညွန့် ဆောင်ပန်းများ ကိုသုံးပေးရပါမယ်။
္ဓ    ဆရာ့အနေနဲ့ ကလေးတစ်ယောက်ကို နာမည်ပေးတော့မယ်ဆိုရင် ဘယ်လိုနည်စနစ်မျိုးနဲ့ ပေးလေ့ရှိပါသလဲဆရာ။
မ    အလွယ်ကူဆုံးနဲ့ အ အောင်မြင်ဆုံးနာမည်ပေးနည်း ကျွန်တော်ပြော ပြရင် ဥပမာ -
၁၃၂၂ ခုနှစ်ဖွား၊ တနင်္ဂနွေ သားသမီးများအတွက် မူကို ကျွန်တော်သုံးတဲ့ နည်းစနစ်အတိုင်း ပြောပါမယ်။ ပထမဆုံးမွေးတဲ့ခုနှစ်ကိုတည်၊ အြွကင်းကို မဟာဘုတ်ဇယားနဲ့ချတွက်တယ်။
    အဲဒီဇယားကွက်ရဲ့ ဘေးမှာ မွေးနံဓါတ်တိုင်ထူး။ မူလမဟာဘုတ်မှ ပုတိ၊ ဘင်္ဂ၊ မရဏ အောက်သုံးလုံးနေ့နံများကို မသုံးပါဘူး။ (၂၊၆၊ဝ)ဖြစ်တယ်။ မွေးနံဓါတ်တိုင်ရဲ့အောက်ခြေ သုံးလုံးကိုလဲ မသုံးပါဘူး။ (၄၊ဝ၊၃)ပေါ့။ မွေးနံနဲ့ ဓါတ်တိုင်ရဲ့အပေါ် အပေါ်ချင်းအကောင်းဆုံး အတွဲကိုပေးပါတယ်။
    တနင်္ဂနွေသားဖြစ်တဲ့အတွက် မူလဓါတ်ကောင်း မဖျက်ကောင်းဆိုတဲ့စကားအရ နာမည်ပေးလျှင် တနင်္ဂနွေအစနှင့် မူလဓါတ်တိုင်ရဲ့အပေါ်ဆုံးအလုံးဖြစ်တဲ့ ကြာသပတေးနံနှင့်သာ တွဲဖက်မှည့်ခေါ်အမည်တွင်စေပါတယ်။
    မူလမွေးနံတိုင်ရဲ့ အပေါ်မှာရှိနေတဲ့ တနင်္လာနဲ့သောကြာ (၂/၆)ဟာ မူလမဟာဘုတ်ရဲ့ အောက်ခြေသုံးကွက်မှာ ရှိနေတာကြောင့် တနင်္ဂနွေနံ အစနဲ့ တနင်္လာ၊ သောကြာ တို့ကို တွဲ မမှည့်ပါဘူး။
    မဟာဘုတ်ဇယားမှ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ အကွက်ရှိ နေ့နံများနှင့် မွေးနံတိုင်မှ အပေါ်သုံးလုံးနဲ့ ညှိပြီး မှည့်ခေါ်ပေးပါတယ်။
္ဓ    တိုက်၊ ခြံ၊ မြေ၊ ကား အမြတ်ဆုံး ဈေးကောင်းနဲ့ ရောင်းထွက်စေဖို့ အစီအရင်လုပ်ပေးပါဆိုရင်ကော ဆရာ့အတွေ့အကြုံအရ ဘယ်လိုနည်းသုံးပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါသလဲ ဆရာ။
ဆ    ပစ္စည်းရောင်းမယ့်သူ ကံကောင်းစေဖို့ သူရဲ့ကံကိုပြင်မြှင့်ပေးတဲ့အနေနဲ့ နဝင်းစီးဓါတ် ယတြာကို ပထမဆုံး ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ သူနဲ့ပတ်သက်တဲ့ ဆောင်ပန်းအညွန့်ကို ဓါတ်ယတြာအနေနဲ့ လုပ်ဆောင်ပေးရပါတယ်။
    ဥပမာ - ၁၃၂၂ခုဖွား၊ စနေသားသမီး က အိမ်၊ ခြံ၊ မြေ အရောင်းထွက်ချင်တယ် ဆိုပါစို့။
    သု့ရဲ့မွေးနေ့ စနေနေ့ နံနက်(၉)နာရီမှ (၁၀)နာရီ(၃၀)မိနစ်အတွင်း(အကောင်းဆုံးက ၉နာရီ၄၅မိနစ်)အချိန်မှာ ရေဖလားတခုထဲ ရေတစ်ဝက်ထည့်ပါ။ ငွေကြေးနှင့်ပတ်သက်တဲ့ ပစ္စည်း (ဥပမာ)ကျပ်စေ့(၉)ခု၊ ရွှေထည်ပစ္စည်းတစ်မျိုး၊ နံ့သာဖြူ(အမွှေးနံသာရည်)၊ တရော်၊ ကင်ပွန်း၊ ခေါင်းလျှော်ရည်ထည့်ပါ။ ရွက်လှညွှန့်(၁၇)ညွှန့်နှင့် မိမိနေအိမ်ဘုရားခန်း၊ ဆိုင်ခန်း၊ အဆောက်အအုံရဲ့ ခေါင်းရင်းပိုင်းမှ စတင်ပက်ဖျန်းရမည်။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်းမှ အိမ်ရှေ့အဝင်ဝအထိ တစ်ခန်းလုံး အနှံ့ ပက်ဖျန်းပေးရပါတယ်။
    ပိုနေတဲ့ရေနဲ့ ゞင်းဆောင်ပန်းအညွန့်ကို ဇောက်ထိုးကိုင်ပြီးအိမ်လှေကားဝ(သို့မဟုတ်) ခြံအဝင်ဝမှာ လောင်းချပေးခိုင်းတယ်။ အဲဒီဆောင်ပန်းကို သီးခြားပန်းအိုးနဲ့ ဘုရားစင်မှာ လှူဒါန်းရပါမယ်။
    တစ်ပတ်(သို့မဟုတ်)သုံးပတ်တစ်ကြိမ် မွေးနေ့မှာ မွေးနဝင်းပေါ်ချိန်မှာလဲç လှူပေးရမယ်။(ရွှေရည်၊ ငွေရည်ပက်ဖျန်းဖို့မလိုတော့ပါဘူး။ ဆောင်ပန်းအညွန့်ကိုသာ လဲလှူပေးရမှာဖြစ်တယ်) ဒီကိစ္စကို ကြာသပတေး(အဓိက)တနင်္ဂနွေ၊ ဗုဒ္ဓဟူးသားသမီးတစ်ယောက်က ကူညီဆောင်ရွက် ပေးရမယ်။ ဘုရားစင်ပေါ်မှာ လှူထားတဲ့ ဆောင်ပန်းအိုးကို မပြောင်းမရွှေ့ရပါဘူး။
    ကျွန်တော့်ရဲ့သုတေသနပြုချက်အရ ဒီနည်းဟာ အရောင်းအတွက် အထူးပဲ ထိရောက် အောင်မြင်တာကို တွေ့ရှိခဲ့ရပါသည်။
္ဓ    ဗေဒင်ဆရာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မယ်လို့ ဆရာယုံကြည်လက်ခံ ကျင့်သုံးပါသလဲ ဆရာ။
ဆ    ဗေဒင်ဆရာတွေ လိုက်နာသင့်တဲ့ ဆောင်သင့်၊ ရှောင်သင့်တဲ့ကိစ္စတွေကတော့ အများကြီးပါပဲ။ ကိုယ့်အပေါ်အားကိုးတကြီးနဲ့ရောက်လာတဲ့ ဗေဒင်မေးပရိတ်သတ်ကို အဆောင်အယောင် ဟိတ်ဟန်တွေသုံးပြီး ခြိမ်းခြောက်ဟိန်းဟောက်ရိုက်စားမလုပ်ဘဲနဲ့ ကိုယ်ချင်းစာနာစိတ် မွေးနိုင်ဖို့ အရေးကြီးပါတယ်။
    ကိုယ်ကျင့်သီလ ကောင်းရမယ်။ ပညာရပ်ဝမ်းစာဖူလုံရမည်။ သိက္ခာသမာဓိရှိဖို့ လိုမယ်။ ရှေ့ဆောင်လမ်းပြလမ်းညွှန်ကူညီသူတစ်ယောက်အနေနဲ့ ဆရာဟာ ဆရာနဲ့တူအောင် ကျင့်ကြံ၊ ရိုးသားကြိုးစားအားထုတ်ရပါလိမ့်မယ်။
    ဒီတစ်ဘဝစာ၊ ကွက်ကွက်၊ မြက်မြက်လေးကိုပဲ မကြည့်ဘဲနဲ့ နောင်သံသရာ ရေရှည်အထိ မျှော်ကြည့်တတ်ဖို့ အထူးပဲလိုအပ်တယ်ဆိုတာကို ကျွန်တော်လက်ခံယုံကြည်စွာနဲ့ ကျင့်သုံးပါတယ်။
္ဓ    ဗေဒင်ပညာနဲ့ပတ်သက်လို့ မျိုးရိုးရှိပါသလား ဆရာ၊ ဆရာရဲ့ ကိုယ်ရေးအကျဉ်းလေး ပြောပြစမ်းပါဦး။
ဆ    ဖခင်ဦးခင်မောင်၊ မွေးမိခင် ဒေါ်အေးပိုတို့က ၁၃၂၂ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀)ရက်နေ့၊ ပဲခူးတိုင်း ကဝမြို့နယ်၊ ဝင်းကမူရွာမှာ မွေးခဲ့တာပါ။ ဘာဗေဒင်မျိုးရိုးမှ မရှိပါဘူး။
    ဗေဒင်ကို မယုံလို့ လေ့လာလိုက်စားရင်းနဲ့ ဗေဒင်အချုပ်မဟာဘုတ် နိဒါန်းကျမ်းပြု ပညာရှင် ဆရာကြီးဦးကြာမြင့်၊ ဆန်းကျမ်းဗေဒင်နှင့် ပုဂ္ဂလပညတ်သင်တန်းနည်းပြ ဆရာကြီး ရန်ကုန်ဦးကျော်ရင်တို့ရဲ့ ပညာရည်နို့သောက်စို့ခဲ့ပြီး ကိုယ့်လိုဒုက္ခရောက်ခဲ့ဖူးတဲ့ သူတွေကို ကိုယ်ချင်းစာတရား၊ ရှေ့ထားပြီး လမ်းကောင်းညွှန် ကူညီနေတာပါ။
    အသက်ငယ်ငယ်၊ မျက်နှာထားတင်းတင်း၊ စကားသံပြတ်သားပေမယ့် အဲဒီဆရာရဲ့ နှလုံးသား ဖြူစင်မှုများကို ကြားသိတွေ့မြင်မိခဲ့လို့ ဆရာနဲ့ ဆွေးနွေးမေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာများကို တစ်ဆင့်ပြန်လည်ဖောက်သည်ချလိုက်ရခြင်းပဲဖြစ်ပါတယ်။
    ဆရာနဲ့တွေ့ဆုံ ကြုံကြိုက်လိုပါက .....

လောကဓံ(အမြင်သစ်)
ဆရာဦးထွန်းရီ (ဒ-ဘ-န-ဝ/တဆ-ဝ၄၅၅၅)
ကံကောင်းလိုသူတို့အတွက် Óဏ်သစ်လောင်းရာ
ဓာတုနိယာမနှင့် မဟာဘုတ်နဝင်းစီးဓာတ်ခန်း
အမှတ်(ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
လိပ်စာအတိုင်း(ပိတ်ရက်မရှိ)သွားရောက်တွေ့ဆုံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ခင်ဗျား။


ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ ဒါမှမဟုတ်၊ ဖွင့်ဟဝန်ခံဖြောင့်ချက်များ
ဇောတိသဝေဒမဂ္ဂဇင်း - အမှတ်-(၁၇၁)၊ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ဆရာဦးထွန်းရီ(မိုးကောင်း)
    ကျွန်တော့်အသက် ငယ်ပေမယ့် ကျွန်တော်ဟောပြောလုပ်ကိုင်စားသောက်ခဲ့တဲ့ နှစ်တွေက မနည်းလှတော့ပါဘူး။
    လုပ်ကိုင်တယ်ဆိုတာက ကျွန်တော့ရဲ့ ဃျွဗဇ့ဗေဒင်ဟောပြောခြင်းဖြစ်ပြီး၊ စားသောက် တယ်ဆိုတာက ကျွန်တော့မျိုးနွယ်စုရဲ့ အမာခံရပ်တည်နေနိုင်သည့် အင်အားကြောင့်ပါ။ ကျွန်တော် ကိုယ်တိုင်က ဒီပညာရပ်အပေါ် သုတေသနလုပ်ရင်း ဗေဒင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရသူဆိုတော့ ရင်ဘတ်နာနာ ဘဝနာနာနဲ့ဘဲ ဒီစာစုကို ရေးဖြစ်ခဲ့ရတာပါ။ လူဘဝတိုတိုလေးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာ ကိုယ်တိုင်ကြုံ၊ ဆုံ၊တွေ့၊ သိ၊ မြင်ဖူးပါမှ၊ သိကြရတဲ့အဖြစ်ပါဗျာ။ ဪသာ်... ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုးထဲမှာ မပါတဲ့ ဗေဒင်ပညာ။
    ဒါပေမယ့် မြန်မာ့ နန်းသုံးတော်ဝင် အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ထဲမှာ တော်ရုံတန်ရုံ ပညာရှိက လက်ကမြင်းကြောထပြီး ထည့်သွင်းဖော်ပြခဲ့တာတော့ မဟုတ်ဘူးဗျ။ ဟိုး...ဘာသာတရားတွေ မပေါ်ပေါက်ခင်ကတည်းက တည်ရှိခဲ့တဲ့ ပညာရပ်ဆိုတာ လူတကာသိနေလို့ အကျယ်မချဲ့လိုပါဘူးလေ။
    ဆရာ့ဆရာကြီးများလို ကျမ်းပြုမဟုတ်ခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်းကြမ်းနဲ့ ယှဉ်ပြီး ကျွန်တော့်ရင်ကို ဖွင့်ပြပါ့မယ်။
    ဗေဒင်များများမေးကြပါ။ (ယုံကြည်ကြဖို့မဟုတ်ဘူးနော်၊ ဗဟုသုတအနေနဲ့ ကိုယ့်အကြောင်းကို ကြိုတင်သိထားဖို့ပါ။ ကံကောင်းချိန်မှာ သူများတွေထက် ပိုပြီး လုပ်ကိုင်နိုင်စွမ်း ရှိရမယ်။ ကံဆိုးချိန်မှာ သူများတွေထက် ဒုက္ခ သုက္ခတွေကို ခုခံကာကွယ်နိုင်ကြဖို့ဘဲဖြစ်ပါတယ်။)
    ဆိုလိုတာက ဗေဒင်ကို မယုံကြည်လို့ပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိသေးလို့ပဲဖြစ်ဖြစ် မမေးဖြစ်ဘဲ နေလာခဲ့ပြီးမှ အိမ်ထောင်ပြုမလို့၊ နိုင်ငံခြားသွားမလို့၊ လုပ်ငန်းကြီးတွေ ရင်းနှီး မြှုပ်နှံတည်ထောင်မလို့ (ဒါမှမဟုတ်)လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ဒုက္ခတွေကြုံလာမှ ဗေဒင်မေးတော့မယ်ဆိုရင် မိမိစပြီးမေးမြန်းမိတဲ့ဆရာဟာ ပညာရှင်အစစ်မဟုတ်ဘဲ ရိုက်စား၊ မြှောက်စား၊ ပင့်စား၊ ဟောက်စား၊ ဆရာဖြစ်နေခဲ့လျှင် အဲ့ဒီဆရာကို အားကိုးမိခါမှ ဘဝတစ်ခုလုံး ပျက်ရကိန်းကြုံတွေ့ရတာမျိုးဆိုပါတော့။
    ခက်တာက အထူးကုဆရာဝန်ကြီးနှင့် ခွဲစိတ်ကုသချင်ကာမှ လူနာ၊ လူနာရှင်ခမြာ ခွဲစိတ်ခန်းမဝင်ခင် လက်မှတ်ထိုးပေးခဲ့ကြရသေးတာ။ ဒါဟာ အသက်ကို လုတာနော်၊ ကျွန်တော်တို့ ဗေဒင်ဆရာတွေက ဘဝကို ကုစားရတာပါဗျာ။အဲဒီတော့ မှားမယ်၊ မှန်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး စာချုပ်ချုပ်လက်မှတ်ထိုးကြမလဲ။ ဒီတော့ မေတ္တာ၊ စေတနာ၊ ပညာနဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ ဆရာနဲ့သာ တွေ့လျှင် ကိုယ်ဖြစ်ကိုယ်ခံပဲ
    ဒါကြောင့် ဗေဒင်များများမေးမှ အတွေ့အကြုံများများရမယ်။ ဗေဒင်မေး အတွေ့အကြုံ များများရမှ ပညာနဲ့ ပညာရှင်တွေအကြောင်းကို သိရမယ်။ ဥပမာ၊ လက္ခဏာ၊ နက္ခတ္တဗေဒင်၊ ဆန်းဗေဒင်၊ မဟာဘုတ်၊ အစရှိတဲ့ ဗေဒင်ပညာရပ်တွေဟာ သူ့အယူအဆ၊ သူ့ရှုထောင့်နဲ့သူ မှန်နေကြတာပါပဲ။ အဲ့ဒီလို မှန်ကန်ကြလို့လဲ ဒီကနေ့ထိ ရပ်တည်နေနိုင်ကြတာဖြစ်တယ်။ ပညာရပ် တစ်မျိုးကို နှစ်ကြိမ်၊ သုံးကြိမ်မေးပါ။ သေချာမှတ်တမ်းပြုစုပြီး လက်တွေ့ အနီးကပ်ဆုံး မှန်ကန်အောင် ဟောနိုင်တဲ့ ဆရာနဲ့ တိုင်ပင်ပြီးလုပ်ဆောင်ပါက ဖြစ်ချိန်မှာ စီးပွားပိုဖြစ်ပြီး ပျက်ချိန်မှာ ဆုံးရှုံးမှုသက်သာပါလိမ့်မည်။ ပညာရပ်တိုင်းဟာ အသုံးပြုသူ ဆရာအပေါ်မှာလည်း မူတည်နေပါတယ်။ ဒါကြောင့် ပညာစစ်၊ ပညာမှန်၊ ဆရာစစ်၊ ဆရာမှန်နဲ့ တွေ့နိုင်စေဖို့ ဗေဒင်များများ မေးခိုင်းခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ဗေဒင်မေးတော့မယ်ဆိုရင် -
(၁)    မိမိမေးချင်တဲ့ အကြောင်းအရာများကို ကြိုတင်ပြီးရေးယူသွားပါ။
    မိမိမေးမြန်းမိတဲ့ဆရာက အပြောကောင်းလို့ဖြစ်စေ ကိုယ်နှင့်အယူအဆမတူလို့ဖြစ်စေ မိမိက မေ့နေလို့ မမေးဖြစ်ခဲ့ရင် နောင်တစ်ချိန်သတိရမှ ထပ်ပြီးသွားပြန်မေးနေလို့ကတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်ရလိမ့်မယ်။ ဒါကြောင့် မေးခွန်းတွေကို ကြိုရေးသွားပြီး သိချင်တာတွေကို တထိုင်တည်း စိတ်တိုင်းကြမေးကြပါ။
(၂)    Óဏ်ပူဇော်ခအရင်မေးပါ။ ဥာဏ်ပူဇော်ခဈေးနှုန်း ဘယ်၍ဘယ်မျှ ရေးထားသလဲ အရင်ရှာပါ။
    ဥာဏ်ပူဇော်ခဈေးနှုန်းရေးထားတာ မတွေ့ရင် ဈေးနှုန်းမေးပြီးမှ ဗေဒင်မေးပါ။ တော်နေကြာ ရိုက်စားဆရာနဲ့တွေ့နေမှ ရှက်ကြောက်အားနာပြီး တောင်းသမျှပေးနေရမှာစိုးလို့ပါ။ ငွေအပိုပါသွားသူတွက် အရေးမကြီးပေမယ့် ငွေအပိုပါသွားသူမဟုတ်ရင် ဒုက္ခရောက်နေလို့ ဗေဒင်လာမေးမိပါတယ်။ အရှက်ပါထပ်ကွဲနေရပါဦးမယ်။ ဒါ့ကြောင့် ဥာဏ်ပူဇော်ခ ဘယ်လောက် ယူတယ်ဆိုတာ။ အရင်မေးပါ။
(၃)    ဗေဒင်ဆရာရဲ့ ရှေ့ကိုရောက်ရင် တစ်နှစ်စာ၊ တစ်သက်တာအတွက် ရှောင်ရန် ဆောင်ရန် ဟောပေးပါလို့ ပြောပါ။ ဆရာဟောသမျှဆောင်ရန် ရှောင်ရန်ကို နားထောင်ပြီးမှ မိမိ မေးလိုတာ များကို မေးပါ။ အဲဒီလိုမဟုတ်ဘဲ ဆရာဖြစ်သူက ဘာကိစ္စသိချင်ပါသလဲ၊ မေးပါလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း တချို့ဗေဒင်ဝါသနာရှင်တွေဟာ သူတို့ရဲ့ ဖြစ်ကြောင်းမှကုန်စင်ကို ကုန်ကုန်စင်စင် အားရပါးရကြီး ရင်ဖွင့်ချတတ်ကြပါလေရဲ့။
    အဟင်း...သိတယ်မဟုတ်လား။
    နာပြီမှတ်။
    အမှန်ကတော့ ဆရာ့ဟောကွက်ကို နားထောင်ပြီးမှသာ ကိုယ်သိလိုတဲ့ မေးခွန်းတွေကို မေးပါ။ အဲဒါမှ ဆရာ့ရဲ့ အယူအဆနဲ့ ပညာရပ်ကို သိပြီး ကိုယ့်ဘဝအတွက် အကျိုးရှိမှာဖြစ်လို့ပါ။
(၄)    စာမေးပွဲအောင်ဖို့အတွက် ယတြာမရှိ။ ကျောင်းမှန်မှန်တက်ပြီး၊ စာမှန်မှန်ကျက်ပါ။ အရိုးသားဆုံးဖြေပါ။ ဖြေနိုင်ရင်အောင်မယ်၊ မဖြေနိုင်ရင်ကျမယ်။ မည်သည့်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှလည်း အမှတ်တိုးပေးလို့ မရနိုင်ပါဘူး။ စာမေးပွဲအောင်အောင် လုပ်ပေးပါဆိုပြီး ဗေဒင်ဆရာဆီမှာ ယတြာချေလို့ ကတော့ အင်း . . . အောင်သွားပါလိမ့်မယ် ဗေဒင်ဆရာ။
(၅)    သင်တကယ်မေးသင့်တဲ့အချက် -
    (က)    ဘယ်တော့ စီးပွားပျက်နိုင်သလဲ၊ ဘာ့ကြောင့်လဲ။
    (ခ)    ဘယ်အချိန်မှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နိုင်မလဲ။
    (ဂ)    ဘယ်အချိန်မှာ အမှုအခင်းဖြစ်နိုင်မလဲ၊ ထောင်ကျနိုင်မလား။
    (ဃ)    ဘယ်အချိန်မှာ အိမ်ထောင်ရေးပြိုကွဲမလဲ၊ ဘာကြောင့်လဲ။
    (င)    ဘယ်အချိန်တွေမှာ သေကိန်းကြုံတွေ့နိုင်မလဲ၊ ပြေးလို့လွတ်မလား။
    အဲဒီအချက်တွေကို အဓိကထားပြီး မေးပါ။ အဲဒါတွေအားလုံးဟာ ကိုယ့်အတွက် အဆိုးဆုံးတွေ ဖြစ်နေတာကြောင့် ကြိုတင်သိထားရင် လွတ်ကင်းသက်သာတဲ့နည်းလမ်း ရှာဖွေနိုင်အောင် ဖြစ်ပါတယ်။
    (ရိုက်စား၊ ဟောက်စား၊ ခြောက်စား ဆရာတွေနဲ့တွေ့လို့ ကြောက်တတ်ရင်တော့ တစ်မျိုးပေါ့လေ) လူလူချင်း လှည့်ဖြားလိမ်ညာခြင်းမှကင်းဝေးကြပါစေ။
ဆရာဦးထွန်းရီ(မိုးကောင်း)
    ရန်ကုန်မြို့ မိုးကောင်းဘုရားအရှေ့ဘက် ဇောင်းတန်းက ဥစ္စာပေါ-ရုပ်ချော-လူငယ်ဗေဒင် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဆက်ရဦးမယ်ခင်ဗျာ အဲဒီဗေဒင်ဆရာက ဗေဒင်လာမေးတဲ့ ပရိတ်သတ်နဲ့ အမြဲရန်ဖြစ်တဲ့နေရာမှာနာမည်ကြီးလှပါတယ်။ အဲဒါကြောင့် သူရဲ့ဝင်ငွေဟာ တခြားဗေဒင်ဆရာတွေရဲ့ ဝင်ငွေနဲ့နှိုင်းဆရင် တော်တော်နည်းလှပါတယ်။ ဗေဒင်အချုပ် မဟာဘုတ် ဆရာကြီးရဲ့ တပည့်ပေါ့ဗျာ...တနေ့
ထီဆရာများကို စိန်ခေါ်လိုက်ပြီ             ဇောတိသဝေဒမဂ္ဂဇင်း-အမှတ်-(     )
    ရန်ကုန်မြို့ မိုးကောင်းဘုရားမှ ဝိဇ္ဇာနည်းကျဆရာလေးဦးထွန်းရီနှင့် ဦမြင့်ဝေ(ခေါ်) ဗေဒင်ဆရာဦးကျော်ဇေယျတို့နှစ်ယောက်ပူးပေါင်း၍ ထီဗေဒင်ဆရာများအား စိန်ခေါ်လိုက်သည့် သတင်းတစ်ခု ယမန်နေ့က ရရှိသည်။
    အဲဒီထီဗေဒင်ဆရာတို့ထံ၌ ရှေ့နေရှေ့ရပ် အသိသက်သေ ခိုင်ခိုင်လုံလုံဖြင့် ထီးထိုးကြမည် ဖြစ်ကြောင်း။
(၁)    ထီဟောခ၊ ဂဏန်းရွေးခ၊ ဥာဏ်ပူဇော်ခပေးမည်။
(၂)    ရွှေ ၅၀ကျပ်သားရပါက ၂၅ကျပ်သားတိတိပြန်ပေးမည်။
(၃)    သိန်း ၂၀ဝ ထီပေါက်ခဲ့ပါက သိန်း ၁၀ဝ တိတိပြန်ပေးမည်။
(၄)    ထီး ငါးကြိမ်ထိုးခိုင်းပါက ငါးကြိမ်တိတိ ထိုးမည်။
(၅)    ထီ အကြိမ် ၂၀ ကို ထိုးခိုင်းပါက အကြိမ် ၂၀ ထိုးဦးမည်။ မပေါက်မခင်း ထိုးခိုင်းပါ ပေါက်သည်အထိ မပေါက်မချင်းထိုးဦးမည်။
(၆)    အဲဒီ ကျိန်းသေ ထီပေါက်မယ်လို့ ဟောတဲ့ဆရာ ဒီလောက်ကြီး ကျိန်းသေနေရင် ပေါက်သရွေ့ ငွေနှင့် အဲဒီရွှေငါးဆယ်သားဆိုတာကြီးကိုပါ တစ်ဝက်တိတိ ပြန်ပေးပါ ဦးမည်။ စာချုပ် ချုပ်ဆိုပါမည်ဟုဆို၏။
    ကဲ ဒီလောက်ကျိန်းသေ ထီးဆုကြီးပေါက်မယ့်ဟာ ဆုကြေးနဲ့ ပေးထားတဲ့ မက်လုံးရွှေလည်း တစ်ဝက်တိတိပြန်ပေးမယ့်ဟာ တရားဝင်စာချုပ်နဲ့ ထီးထိုးမယ့်ဟာ ဘယ်နှယ့်ရှိပါစ၊ ထီလက်မှတ်ဖိုး တော့ ခဏလောက် စိုက်ထားနိုင်မှာပေါ့တဲ့၊ ဟုတ်စ။

တချို့ကလည်းကျော်အောင် ညာမှကြိုက်ကြတယ်

ဇောတိသဝေဒမဂ္ဂဇင်း-အမှတ်-(၁၇၃)၊ ၂၀ဝ၀ခုနှစ်၊ ဇန်နဝါရီလ၊ ကြော်ငြာသုတေသန
    ယနေ့လက်ရှိ လူ့ဘောင်အဖွဲ့အစည်းအတွင်း မကြည့်ခင်မြင်လျက်သားဆိုသလို ကြော်ငြာ ယဉ်ကျေးမှုကြီးနှင့် ပက်ပင်းတိုး ဆုံတွေ့နေကြရပေသည် တမုံ့။
    ရုပ်သံကြည့်တော့လည်း ကြော်ငြာ၊ လေလှိုင်းသံကို နားထောင်မိတော့လည်း ကြော်ငြာ၊သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ လက်ကမ်းစာစောင် စသည်များတွင်လည်း ကြော်ငြာအင်အားများက ထုနှင့် ထည်နှင့် တိုးဝှေ့နေရာယူ(နေရာပေးလိုက်ကြရရှာတာပါ)နေကြပါပြီ။ ကြော်ငြာတို့မည်သည် မရှိမဖြစ် လူနှင့်လူချင်း ဆက်သွယ်ကြသည့်ကိစ္စကြီးတစ်ရပ်လည်းဖြစ်ကြပါပေ၏။
    ကြော်ငြာမရှိလို့ကလည်း မဖြစ်ပြန်။ ကြော်ငြာရှိပြန်တော့လည်း . . .။
    ရွှေဆိုင်များက သူတို့ဆိုင်များမှ ရောင်းချသည့် ရွှေများသည်သာ အကောင်းဆုံး ဖြစ်ကြောင်း၊ ပုဆိုးလုပ်ငန်းရှင်များကလည်း သူတို့ပုဆိုးသာ အကောင်းဆုံး၊ ဆပ်ပြာ၊ ဆေးဝါး၊ သနပ်ခါး၊ ခေါင်းလျှော်ရည်ထုပ်မှသည် ဖိနပ်အထိ လူသုံးကုန်ပစ္စည်း သူ့ထက်ငါ အပြိုင်အဆိုင် အကောင်းတကာ့ ထိပ်ခေါင်အကောင်းဆုံးများရဲ့ အကောင်းဆုံးများဖြစ်ကြောင်း ကြော်ငြာကြ၏။
    ကြော်ငြာကြပါကုန်။    လောဘကိုအမျှင်ဆန့်လျှင် ကမ္ဘာမဆန့်အောင်ရှည်မည်။
    အဲဒီလိုကြော်ငြာရေစီးကြောင်းကြီးထဲမှာ မထူးခြားပေမဲ့ ထူးမခြားနား ဗေဒင်ဆရာများရဲ့ ကြော်ငြာကြီးများကို တခမ်းတနား၊ တွေ့ခွင့်၊ ကြုံခွင့်၊ ဖတ်ခွင့်၊ မြင်ခွင့်ရခဲ့ကြပြန်ပေ၏။
    အဲဒီဗေဒင်ဆရာ၊ ဆရာမများရဲ့ကြော်ငြာများကို သုံးသပ်ဆန်းစစ်ကြည့်ဖြစ်တဲ့အခါမှာတော့ (၁)အိမ်ထောင်ရေး၊ (၂)စီးပွားရေး၊ (၃)ပညာရေး၊ (၄)ကျန်းမာရေး စတဲ့ လူတစ်ဦးချင်းစီမှာ တစ်မျိုးမဟုတ်တစ်မျိုး လိုအပ်နေတဲ့ အရေးအကြောင်းတွေကို ပစ်မှတ်ထားပြီး ရိုးသားကြတဲ့ ဗေဒင်ဝါသနာရှင်တွေအပေါ် အခွင့်ကောင်းယူလို့ (ဖြားယောင်းသွေးဆောင်နေကြ)သလိုမျိုးကြီးများ ဖြစ်နေကြပြီလားဟု သံသယဝင်လာမိပါသည်။
    တချို့ဗေဒင်ဆရာများကြတော့ ယနေ့လက်ရှိ အောင်မြင်နေသည့် အနုပညာရှင် ရုပ်ရှင် မင်းသား၊ မင်းသမီး၊ စာရေးဆရာ၊ အဆိုတော်၊ လုပ်ငန်းရှင်များရဲ့အမည်ကို ခိုး၍၊ ကပ်၍ (ခုတုံးလုပ်သည်ဟုလည်း အချို့ကဆိုကြသည်။) ကြော်ငြာ၏။ ကြော်ငြာကြပါကုန်။
    တချို့ဗေဒင်ဆရာများကတော့  ]]ဂမ္ဘီရ၊ အာရုံ၊ အကြားအမြင်နှင့်ဓါတ်ရိုက်ဓါတ်ဆင်၊ အင်း၊ စမ၊ အစီအရင်တို့ဖြင့် သင့်အခက်အခဲများကို ဖြေရှင်းပေးပါရစေ}}ဆိုပြီး သကာလ ဖိတ်ခေါ်သလိုလို၊ အချို့ဗေဒင်ဆရာများကတော့]]သင့်ဘဝရှေ့ရေးအတွက်ဆွေးနွေးပါ]]၊ အတတ်သိအောင် သင့်ကို ဆရာကကူညီနေသည်။]]တချို့ဗေဒင်ဆရာမကြီးတွေကတော့ ဝိဇ္ဇာရေလာဘ် များပိုင်စိုး(မေတ္တာဖြင့် ကူညီမည်) Óဏ်ပူဇော်ခမှာလည်း စေတနာကြေးမျှသာဖြစ်၍...။ တချို့ဗေဒင်ဆရာကြီးများ ကျတော့ ]]ပထမဆုံးနှင့်နောက်ဆုံးဆရာသာဖြစ်လိုသည်}}၊ ]]စေတနာသည် ပဓာန အသပြာ အဓိက မဟုတ်ကြောင်း ပြောချင်သည့်အတွက် ငွေကုန်ကြေးကျ အကုန်ခံပြီးသည့်သကာလ မျက်မှောက် ခေတ် စာနယ်ဇင်းများပေါ်တွင် ကြော်ငြာနေကြပြန်၏။
    တချို့ဗေဒင်ဆရာများကျပြန်တော့ ဆရာ၊ ဆရာမကြီး၊ ပါရမီရှင်စသည်တို့ကို ရှေ့တန်းတင်၍ နောက်ဖက်တွင် ကွင်းစကွင်းပိတ်ဖြင့်ူ.ူ.ယြြ.ှခယြ.ဗယ ဗ.ွ.ွှ.ှု နိုင်ငံခြားပြန်၊ မဟာဝိဇ္ဇာ၊ ပါရဂူ၊ နိုင်ငံကျော်၊ ကမ္ဘာကျော်စသည် စသည်ဖြင့် မိမိတို့အမည်ကို မိမိအမွှန်းတင် သိက္ခာထပ်၍ မက်လုံးပေး စကားတွေ တရစပ်ဖောဖောသီသီသုံးပြီး သူတို့ဆီ မလာချင် လာချင်အောင် ဆွယ်တရားများပင် ဟောလိုက်၊ ရေးလိုက်ကြသေး၏။ ကားစီးရန်လမ်းညွှန်ဆိုင်းဘုတ်များကိုပင် ရေးလိုက်ကြသေး၏။
    (ကျွန်တော်တို့တိုင်းပြည်မှာ ဗေဒင်ပညာရပ်နှင့်သက်ဆိုင်သည့် ဘွဲ့နှင်းသဘင်မျိုးမတွေ့ဘူး မကြုံဘူးခဲ့ပါ။) ကျောင်းပညာဘွဲ့နှင်းသဘင်နှင့် ဗေဒင်ဆရာ မည်သို့သက်ဆိုင်သည်မသိ။
    တချို့ဗေဒင်ဆရာများဆိုပါလျှင် ဗေဒင်ဆရာလား၊ သမားတော်ဆေးဆရာလားဟူ၍ပင်လျှင် ထင်မှတ်မှားနိုင်ကြကုန်၏။ ဥပမာတစ်ခု ထုတ်ပြပါအံ့။
    (နာတာရှည်ရောဂါဆိုး အမြန်သက်သာပျောက်ကင်းဖို့တဲ့) နောက်တစ်ခုက (သားသမီး လိုချင်သူတွေ အမြန်ရဖို့)တဲ့။ ဟိုးတုန်းက ပုံပြင်ဇာတ်ထုတ်တွေလို ရွာဦးထိပ် ညောင်ပင်စောင့် နတ်ဆီမှာ သားဆုပန်ဖို့ မလိုတော့ဘူးပေါ့နော်။
    ဖန်ြွပန်သန္ဓေသားနဲ့ ယောကျာ်းရင့်မာကြီးတွေကိုယ်တိုင် ကိုယ်ဝန်ဆောင်နိုင်ကြပြီဖြစ်တဲ့ အခုလို သိပ္ပံပညာထွန်းကားနေတဲ့ခေတ်ကြီးထဲမှာ ရင်လေးစရာဖြင့် အတော်ကောင်းလှပါပေပြီ။ (အမှုအခင်းပြဿနာတွေအနိုင်ရ၊ အဆင်ပြေစေဖို့)ဆိုတဲ့ အချက်ကိုထောက်ဆကြည့်ခြင်းအားဖြင့် အမယ်မင်းဆိုပြီး ရင်ဘတ်စည်တီးလောက်ကြပါပေရဲ့။
    တချို့ဗေဒင်ဆရာများကလည်း တစ်မျိုးတစ်ဖုံ။ (မမေးမီကပင် ဟောနှင့်သည့် ဗေဒင်ဆရာ) ဘာညာပေါ့လေ။ တချို့ဆရာများကျတော့ ]]နည်းနည်းလေးလျှော့စေချင်ပါတယ်}}ဆိုတဲ့ ဂီတနက်သံ ကိုစောညိမ်းရဲ့ သီချင်းလိုပဲ အော်ပြီးဆိုရတော့မလိုလို။(ဝန်ထမ်းလုပ်ငန်းရာထူးတက်ဖို့၊ နေရာကောင်းရဖို့၊ ခိုင်မြဲဖို့၊ အရွှေ့အပြောင်းကိစ္စဆန္ဒပြည့်ဝစေဖို့)တဲ့။ တချို့ကျတော့လည်း လွန်လွန်းသနော်လို့ပဲ ပြောရမလားမသိ။
    (ဘယ်သူနှင့်အိမ်ထောင်ကျမည်၊ ဘာအလုပ်လုပ်ကိုင်ရမည်၊ ဘယ်တော့ထီပေါက်ပြီး ချမ်းသာမည်၊ နာမည်နှင့်တကွ ဟောပြောမည်)ဆိုတဲ့အထိ ကြော်ငြာလာကြတယ်။
    စာမျက်နှာတွေပေါ်မှာ ငွေကုန်ကြေးကျခံပြီး ကြော်ငြာခတွေပေးပြီး ယုတ္တိလွန်အသုံးအနှုံး တွေနဲ့ မြူဆွယ်နေသလိုကြီးများတောင် ဖြစ်နေကြသလားလို့ပါ။
    တစ်ခါတစ်ခါတော့လည်း ငါတို့တိုင်းပြည်မှာ ဒီလောက်ကြီးတွေ တော်၊ တတ်၊ သိနေတဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ ရှိနေကြပါလားလို့ ဂုဏ်ယူရတော့မလိုလို။
    မေးခွင့်ရရင်မေးကြည့်ချင်ပါတယ်ခင်ဗျာ။ ကျွန်တော် ကိုယ်ရေးကိုယ်တာအတွက်တော့ မဟုတ်ပါဘူး။ အဲ...အိမ်ထောင်ရေး အဆင်မပြေနေကြသူများကို စေတနာရှေ့ထားပြီး အဆင်ပြေအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ အဲဒီဆရာကြီး၊ ဆရာမကြီးတွေရဲ့ အိမ်ထောင်ရေးမှာ
အဆင်ပြေပါစ၊ စာမေးပွဲ ထူးချွန်စွာအောင်မြင်ဖို့ လုပ်ပေးနိုင်တယ်ဆိုတဲ့ ဗေဒင်ဆရာကြီး၊ ဆရာမကြီးတွေရဲ့ သားသမီးတွေရော ဒီနှစ်စာမေးပွဲမှာ အတော်အသင့်နှင့်(ထူးချွန်ဖို့နေနေသာသာ) အောင်ခဲ့ကြပါစ။
    မကျန်းမမာ နာတာရှည်ရောဂါသည်များ အမြန်ဆုံးသက်သာပျောက်ကင်းစေရမည်ဆိုတဲ့ ဗေဒင်ဆရာ၊ ဆရာမကြီးရော ဆေးထိုးဆေးစားဆေးသောက်မှ ကင်းကြပါလေစပေါ့လေ။
    ဆိုတော့ကာ....။
    ကြော်ငြာကြပါ။ ယုတ္တိ၊ ယုတ္တာရှိရှိစကားလုံးတွေနဲ့ ကြော်ငြာကြပါ။ ဘာအကောင်းဆုံးလဲ?။ ငါအကောင်းဆုံးပဲဆိုတဲ့ ကျော်အောင်ညာတဲ့ ကျော်ညာကြီးတွေ ဖြစ်နေခဲ့ရင် တကယ်ရိုးသား ကြိုးစားကြမယ့် ဆရာကြီး၊ ဆရာမကြီးတွေရဲ့ သားစဉ်မြေးဆက် လူကောင်း၊ လူချွန်၊ လူရည်မွန်တို့ရဲ့ သိက္ခာ၊ အရှက်၊ မျိုးနွယ်စုရဲ့ဂုဏ်....။
    ဘုရား.....ဘုရား.....။
    ကျွန်တော့ရင်တွေ တုန်လိုက်တာ ဆရာဒဂုန်ရဲ့ စကားတစ်ခွန်းကို လေးလေးစားစားငှားပြီး သုံးရမယ်ဆိုရင်ဖြင့် (ဗေဒင်မေးသူ ကံကောင်းရင် ဗေဒင်ပညာရှင်ကောင်းနဲ့ တွေ့မယ်)တဲ့။
    လူနဲ့လူချင်း လှည့်ဖြားခြင်း ကင်းဝေးကြပါစေလို့။
    မှတ်ချက်။    ။ ဗေဒင်ဆရာနှင့်ဗေဒင်ပညာရှင် မတူကြပါဘူး။

အများအကျိုးရွက်သည်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။
   

No comments:

Post a Comment