Thursday, May 29, 2014

မာန်မရှိ၊ ဥာဏ်ရှိကြမည်ဆိုလျှင် }

]] မာန်မရှိ၊ ဥာဏ်ရှိကြမည်ဆိုလျှင် }}
    လောကဓံပညာသည် အကောင်းဆုံးကို မျှော်လင့်ထားနိုင်သလို အဆိုးဆုံး အတွက်လဲ ကြိုတင်ပြင်ဆင်ထားနိုင်ပါသည်။
    နဝင်းစီးယတြာကို ဆောင်ရွက်လိုက်သည့်အတွက် သင့်ဘဝတွင်ဆုံးရှုံးမှုများ လျော့နည်းစေပြီး အောင်မြင်မှုအရသာကို တဖြည်းဖြည်းရရှိခံစားစေသဖြင့် နဝင်းပညာ၏ တန်ဘိုးကြီးမားမှုကို ကြာလေသိလာလေ ဖြစ်လာပါလိမ့်မည်။ ယတြာဆိုသည်မှာ လိုအပ်သောအကျိုး/ မလိုအပ်သော အဆိုးနှစ်ပါးတို့ကို ကောင်းစွာဖြစ်စေ/ပျောက် ပျက်စေတတ်သောကြောင့် ယတြာဟုခေါ်ပါသည်။ ယတြာတို့မည်သည် ကံတရားကို အားဖြည့်ပေးတာပါ။ စီးပွားတက်ချိန်/ပျက်ချိန်တို့ကို လိုအပ်သလို အကာအကွယ် အထောက်အပံ့ပေးခြင်းဖြစ်သည်။ သေçကွဲ-မွဲ-ပြုတ်-ကုန် မှ ဗေဒင်တွေ လိုက်မေးနေ၍ အကျိုးမထူးပါ။ ကြိုတင်မေးမြန်းအကြံဥာဏ်ယူ၍ ညှိနှိုင်းဆောင်ရွက်ထားသင့်ပါသည်။ လောကဓံအယူအဆနှင့် လူ့သဘာဝ ဖြစ်ရပ်များပေါင်းစပ်၍ ဖြစ်တတ်သော သဘောကို ညွှန်ပြသော ပညာဖြစ်သောကြောင့် သင်ဖြစ်ရမည်ဟု မဆိုလိုပါ။ ကျွန်ုပ်ပြောပြလိုက်သည့်အတိုင်း သင်ကြုံတွေ့နေရမည်ကို ကြိုတင်ဟောပြောလမ်းညွှန်ခြင်း ဖြစ်ပါသည်။
-    အရာရာတိုင်းသည် မိမိ၏ကိုယ်စိတ်နုတ်(စေတနာ)အတိုင်းအတာအရ အမြဲတမ်းပြုပြင်ပြောင်းလဲနိုင် ရမည်ဖြစ်၍ (ဗေဒင်ကဟောသည့်အတိုင်း ပုံသေမဖြစ်နိုင်ပါ)
-    ဤပညာသည် -
    (အကာလ-မရဏဘေး) ဟုဆိုအပ်သော သက်တမ်းမစေ့ကံမကုန်မီ ဘေးအမျိုးမျိုးကြုံရသည့်
    (၁) ရုတ်တရက်သေဆုံးခြင်း။
    (၂) အိုးအိမ်စည်းစိမ်များ ရုတ်တရက်ပျက်စီးခြင်း။
    (၃) ရာထူးဂုဏ်သိက္ခာများ ရုတ်တရက်ကျဆုံးရခြင်း။
    (၄) အမှုအခင်းရန်အမျိုးမျိုးတွေ့ရခြင်းများကို ကြိုတင်၍ ဟောပြောခြင်းနှင့် ဂြိုလ်ဆိုးအားလုံး ကံဆိုး အားလုံးနှင့် သင်လက်တွေ့ခံစားနေရသော အခက်အခဲများမှ လွတ်မြောက်သက်သာခွင့် ရစေရန် အတွက် -
    (၁) ကျွန်ုပ်၏သဘာဝကျသောနည်းပညာပိုင်း
    (၂) သင်၏လိုက်နာစောင့်ထိန်းမှု ကိုယ်ကျင့်တရားပိုင်း
    (၃) ထူးခြားထက်မြက်သောနဝင်းယတြာလုပ်ဆောင်မှုများဖြင့် ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်း၊ တားဆီးခြင်းများ ပြုလုပ်ထားနိုင်ပါသည်။

ဘယ်မီးလွတ်ကို စားကြမှာလဲ

မီးလွတ်အောင် ဘယ်လိုစားကြမလဲ။
မီးလွတ်ကော စားဖူးကြလား။
ကဇွန်းဥတွေ ဘာတွေနော်။
အစိမ်းတွေ စားလို့ရတယ်။
သခွားသီးကလဲ မီးလွတ်တယ်နော်။
အဲ့ဒါက ဘယ်မီးလွတ်တာလဲ။
မီးဖိုချောင်က မီးပဲ လွတ်တာနော်။
မီးဖိုချောင်က မီးက အပယ်မချပါဘူး။
လောဘမီးက အပယ်ချတာ။
- လောဘမီးက ပြိတ္တာဖြစ်အောင် လုပ်တာ။
- ဒေါသမီးက ငရဲချတာ။
- မောဟမီးက တိရိစ္ဆာန်စား စားတာဘဲ။
- လောဘနဲ့စားရင် ပြိတ္တာစား စားတာဘဲ။

ရွှေဥမင်ဆရာတော်ကြီး

သာသနာပြုကြမှာလား
တပည့်တို့ -
    လူတော်တော်များများ ပြောနေကြတဲ့ ]]သာသနာပြု}}တဲ့ ကိစ္စ တပည့်တို့ကို မကြာခဏ ပြောပြဖူးပါတယ်။ ဘယ်သာသနာကို ဘယ်နေရာကနေ ဘယ်လို သာသနာပြုကြမှာလဲ . . .။

(၁)    ရဟန်းဘဝနဲ့ ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒ ဆိုတဲ့ သာသနာသုံးရပ်နဲ့ ကြိုးစား အားထုတ်ပြီး သာသနာပြုမှာလား။
(၂)    ဝိဇ္ဇာလမ်းစဉ်လိုက်စားပြီး ဘုရားတည် ကျောင်းဆောက် ဦးစီးပြီး ဆရာတစ်ဆူ အနေနဲ့ ဆောင်ရွက်တာလား။
(၃)    ဘုရားတည် ကျောင်းဆောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းပြီး၊ ပစ္စည်းဥစ္စာ ကြီးပွား ချမ်းသာနေလို့ ငွေကြေးစိုက်ထုတ် လှူဒါန်းသာသနာပြုတာလား။
(၄)    ငွေကြေး မတတ်နိုင်လို့ လုပ်အားဒါနနဲ့ သာသနာပြုတာလား။
    (၁)    ဘယ်လမ်းစဉ်ကို ဘယ်လိုလိုက်မှာလဲ။
    (၂)    ဘယ်လို ရည်ရွယ်ချက်နဲ့လဲ ဆိုတာ ကိုယ့်ကိုယ်ကို အရင်မေးကြည့်လိုက်ပါ။   
(လောကဓံ)(အမြင်သစ်)
ဆရာဦးထွန်းရီ(မိုးကောင်း)

No comments:

Post a Comment