ဗေဒင်အချုပ်မဟာဘုတ် နိဒါန်းနှင့်ပတ်သက် ဆရာ့ဆရာတွေ ဘာတွေမှာကြားခဲ့ကြသလဲ
(၁) ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း ဆရာကြီးဦးကြာမြင့်
(၂) ဆရာကြီးဦးလင်းအောင် (ဝိဇ္ဇာနည်းကျ မြန်မာ့ဗေဒင်)
(၃) ဆရာပရမ (အေးချမ်းသူတို့စံပျော်ရာ)
(၄) လောကဓံ ဆရာဦးထွန်းရီ
(၁) ဆရာကြီးဦးကြာမြင့် ဗေဒင်အချုပ်မဟာဘုတ်အဖွင့် (စာ-၈)
(၁/၁၁/၂၀ဝ၁) ၁၃၆၃ ခုနှစ်၊ သီးတင်းကျွတ်လပြည့်၊ ကြာသပတေးနေ့ ညနေ(၃)နာရီ၊ နှစ်စဉ် ဆရာကြီးအား ပူဇော်ကတော့ပွဲပြုလုပ်သည့် အခါသမယ တပည့် ပရိတ်သတ်ဘေးကို ပိသာလေးနှင့် တိုက်ရိုက်ပစ်ထည့်လိုက်သော မိန်ကြားချက်က ဟေ့ - မှတ်ထားကွ မင်းတို့ နဝင်းစီးပညာကိုင်ပြီး လုပ်စားနေတဲ့ ဆရာတွေ နာမည်ကြီးပြီး ငွေဝင်လာပြီဆိုရင် မြန်မြန်သေတော့မယ်လို့ မှတ်ထားလိုက်ပါတဲ့။ (ဒါမှမဟုတ်လည်း ယောင်လည်လည်နှင့် မငတ်ရုံ ဘဝတစ်လျှောက်လုံး လိမ့်နေရမယ်တဲ့။ အဲဒါ ဘာကြောင့်လဲဆိုတဲ့ အချက်ကိုလည်း ပြောထားမယ်။ မှတ်ထားအုံးတဲ့။ ဗေဒင်ဟောတာက မဟာဘုတ် သက္ခတ်၊ ယတြာလုပ်ပေးတာက နဝင်းစီးပွဲ။ ဆိုင်းဘုတ်တင်ပြီး ကြော်ငြာထားတာက နက္ခတ်ဗေဒင်။ ဝေဒလက္ခဏာ၊ ခရစ္စတီးနားမူတီးတဲ့ ---။ပညာကိုလည်း တပည့်ခံပြီးမသင်ယူချင်။ စာအုပ်တွေဝယ်ဖတ်။ ပညာကိုခိုးယူ။ မူရင်းဆရာကိုလည်းမဖော်ပြ။ မူရင်းပညာကိုလည်း ဖုံးကွယ်ထားပြီး လုပ်စားနေသမျှ ဘုန်းကြီးရင်လည်းသက်မရှည်၊ အသက်ရှည်ရင်လည်း ဘယ်တော့မှ ဘုန်းကံမကြီးဘူးလို့သာ မှတ်ထား လိုက်ပါတဲ့။ (ဆရာကြီးကြာမြင့်)
ဆရာ့စေတနာနှင့်ဆရာ့ဒေါသကို ကျွန်ုပ်ရိတ်စားမိလိုက်ပါသည်။ ယနေ့ထိဝန်မခံဘဲ ဆရာကြီး ဦးကြာမြင့်၏ ပညာကိုမှီပြီး ကိုယ်ပိုင်ပုံစံထွင်၍ ဆောင်းပါးအမျိုးမျိုးကို ရေလဲနှင့် ရေးနေကြသူများ နဝင်းစီးပွဲကို ကိုယ်ပိုင်ပွဲမျိုးလုပ်စားနေကြသူများ၊ ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့၊ စာတစ်အုပ်ဖြစ်မြောက်စေရန် အတွက် ဆရာကြီးစာအုပ်နှင့်ဆရာကြီး၏ တပည့် ဆရာဦးလင်းအောင်စာအုပ်များမှ အမြှီးနှုတ်ခေါင်းဖြုတ် ယူပြီး လံကြုတ်လုပ်ထားသည့် ဗေဒင်ကျမ်းများ၊ လက်ညှိုးထိုးပြနိုင်ပါသည်။ (ဆရာကြီး ဦးလင်းအောင်)
(၁) မဟာဘုတ်ပညာ၊
ဆရာကြီးဦးကြာမြင့်က မဟာဘုတ်ပညာနှင့် ပတ်သက် မဖော်ထုတ်နိုင်သေးသော အချိန်အထိ အောက်တန်း(၃)လုံးမကောင်း၊ အထက်တန်း (၄)လုံးကောင်း၏ဟူသော အလွန် ကျဉ်းမြောင်းသည့် အဟောမှလွဲ၍ ထူးထူးခြားခြား အကျယ်တဝင့် ဟောကွက်များမရှိပါ။ ဆရာကြီးဦးကြာမြင့်သည် ပုန်းအောင်းနေသော မဟာဘုတ်ပညာ၏ တကယ့်အဆီအနှစ်များကို တွေ့လိုက်သည့်အခါ မဟာဘုတ်ပညာသည် အလွန်ကျယ်ပြန့်သော အယူအဆများဖြင့် ပြည့်စုံလာပေသည်။ လူသားတို့၏ မှားယွင်းလုပ်ကိုင်နေမိသော ဥာဉ်စရိုက် အဆိုးများကို ဘဝခရီး ဖြောင့်မတ် အထောက်အကူ ပြုနိုင်စေရန်နှင့် တရားဓမ္မ အားထုတ်ရာ၌လည်း အထောက်အပံ့ ပြုစေနိုင်ရန် မဟာဘုတ်ပညာဖြင့် ထောက်ပြနိုင်ခဲ့ပေသည်။ လူဆိုသည်မှာ မိမိအမှားဥာဉ်စရိုက်ကို မမြင်။ သူတစ်ပါး၏ အမှားကို မြင်တတ်သောသဘောသဘာဝ ရှိကြပေသည်။ လူတစ်ယောက်သည် မိမိဥာဉ်ဆိုး၊ စရိုက်ဆိုးများ၊ မှားတတ်သည်များကို သိနားလည်ပြီး ပြုပြင်မည်။ သူတစ်ပါးနှင့် ပတ်သက်လည်း သူ့မှာ ဒီဥာဉ်အဆိုးတွေ ရှိနေတာဘဲဟု သိရှိနားလည်ပြီး သည်းခံခွင့်လွှတ် နေထိုင်ကြမည်ဆိုလျှင် မည်မျှ အေးချမ်းသာယာပါ မည်နည်း။ ထို့ကြောင့် မဟာဘုတ်ပညာသည် လူတိုင်းလေ့လာအပ်သော ပညာရပ်တစ်ခုဖြစ်လာပေမည်။ ဗေဒင်ပညာရှင်တစ်ဦးသည် မိမိအတွက်သော်လည်းကောင်း သိထားအပ်သည့်အပြင် မိမိထံသို့ ဇာတာလာစစ်ဆေးသူ အားလည်း ညွှန်ပြဆုံးမခြင်းဖြင့် အကျိုးရှိနိုင်သည်။
(၂) အင်္ဂဝိဇ္ဇာ
ဆရာတော် ခင်ကြီးဖျော် လက်ထက်တွင် အင်္ဂဝိဇ္ဇာပညာရပ်သည် ဘုန်းမီးနေလ တောက်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ဥာဏ်ကြီးရှင်တို့၏ ကျက်စားရာ ပညာဖြစ် တတ်ကျွမ်းသူ လွန်စွာနည်းပါးလှပေသည်။ ဗေဒင်ပညာပါရမီရှိသော ဥာဏ်ကြီးရှင် ဆရာကြီးဦးကြာမြင့်သည် လွန်စွာ ခက်ခဲလှသော အင်္ဂဝိဇာပညာရပ်၏ လျှို့ဝှက်ချက်များကို တွေ့ရှိခဲ့ပြန်ပါသည်။
(က) နေ့သားတစ်ယောက်၏ မွေးနေ့မွေးနံတိုင်အရ မှားတတ်သော အကျင့်ဥာဉ်စရိုက် အဆိုးများ ရှောင်ကျဉ်ရန် အဖိုးတန်ပညာရပ်ကို တွေ့ရှိခြင်း။
(ခ) ရောက်လာသော အချိန်နာရီကိုကြည့် နာမည်၊ မွေးသက္ကရာဇ်မလို အင်္ဂဝိဇ္ဇာအခါတိုင်အရ ရိပ်ဖမ်း၊ သံဖမ်း၊ ဖဝါးခြေရာကောက်၊ ကြားနမိတ်၊ မြင်နမိတ် တို့ဖြင့် ဖြစ်ဆဲကိစ္စ ပြသနာများကို ဆုံးဖြတ်ဟောပြောနိုင်ခြင်း၊
(ဂ) နေ့တိုင်၊ အခါတိုင်ကို အတိတ်တိုင်၊ မစ္စုပ္ပန်တိုင်ဟုယူပြီး နမိတ်ဖမ်း အတိတ်ပစ္စုပ္ပန်ဟောခြင်း၊ ပစ္စည်းပျောက်၊ လူပျောက်ဟောခြင်း၊
(ဃ) မွေးသက္ကရာဇ်မလို ရောက်လာသည့် အချိန်အခါမလို ဘာနေ့သားလဲမေးပြီး မွေးနံတိုင်တွင် နမိတ်များကို ယူ၍ ပစ္စုပ္ပန်ဖြစ်ရပ်မှန်ကို ဟောပြောခြင်း။
(င) မွေးသက္ကရာဇ်မလို၊ မွေးနံတိုင်မထူ၊ နေ့တိုင်မပါ အခါတိုင်မယူ ရောက်လာသူ၏ ပြောဆို နေထိုင်မှုကို ကြည့်၍ ပတ်ဝန်းကျင် ကြားနမိတ်၊ မြင်နမိတ်နှင့်ပေါင်းစပ်၍ ပစ္စုပ္ပန်ကိုဟောခြင်း။
(၃) ဝိဇ္ဇာဓရနယ နဝင်းစီးယတြာ
(၁) မူလမဟာဘုတ်နှင့်မွေးနံတိုင်ညှိပြီး အပိုင်နဝင်းတွဲ ရွေးထုတ်လျှက် အထက်ဆောင်ပန်း အောက်နင်းကြမ်း၊ မတွန့်စေရမူဖြင့် လိုအပ်သော အညွန့်၊ အခက်များ၊ အပ်ချည်၊ မန်းကွင်း များအသုံးပြု (နဝင်းစီး)ဓါတ်ယတြာကို တီထွင်အောင်မြင်ခြင်း၊ ၄င်းဝိဇ္ဇာဓရ နယ နဝင်း ဆေးပညာကို ၂၀ဝ၁ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် တိုင်းရင်း ဆေးဆရာများ သင်တန်းအမှတ်စဉ်(၁) ရန်ကုန် ဝိဇ္ဇာဓရနယ နဝင်းဆေးပညာကို ဆရာကြီး ဦးကြာမြင့် ကိုယ်တိုင်သွားရောက် သင်ကြားပေးခဲ့ပြီးဖြစ်သည်။
ဂြိုလ်၏သက်ရောက်ပညာနှင့်လောကဓံ
ရှေးကျမ်းအချို့တွင် လောကဓံရှစ်ပါးနှင့်ဟောပြောမှုကို သက်ခတ်ထဲ ထည့်သွင်းစမ်းသပ်ထား သည်ကို တွေ့ရသည်။ ပီပြင်လှသည်တော့မဟုတ်။ ဆရာကြီးဦးကြာမြင့်သည် ရှေးဆရာကြီးများ စမ်းတဝါးဝါး ဖြစ်နေခဲ့သည့် လောကဓံရှစ်ပါးကို သက်ခတ်ရှစ်ခွင်မှာ သူ့နေရာနှင့်သူ၊ အံဝင်အောင် ထည့်သွင်းနိုင်ခဲ့သည်။ ဆရာကြီးဦးကြာမြင့်၏ လောကဓံရှစ်ပါး သတ်ခတ်ဗေဒင်သည် လွန်စွာကျယ်ပြန့် နက်နဲသော အတွေးအခေါ်အယူအဆ အဟောများဖြစ်ပါသည်။ မှန်ကန်မှု အပြည့်ရှိပါသည်။ ကျွန်ုပ်အနေနှင့် ပညာကောင်းတစ်ခုကို လူသားတို့အတွက် အကျိုးရှိအောင် အသုံးပြုနိုင်မည့် လူများလက်ထဲသို့သာ ရောက်စေချင်သည်။ တပည့်ခံရမှာကြောင့် ဒီဆရာရဲ့ ပညာကိုပြောရမှာရှက်။ သူရှာဖွေထားတဲ့ ပညာလိုလိုနှင့်ဟန်ဆောင်၊ နောက်ပြီး ဗေဒင်လာကြည့်သည့် အားကိုးတစ်ကြီး လူတွေအပေါ် မတော်မတရား လောဘများဖြင့် အသပြာကို ရိတ်လှီး အကြံအဖန် ဗေဒင်ဓါးမြတိုက်သည့် ဆရာဆိုးတွေလက်ထဲ ကျွန်ုပ်ရှာဖွေထားသော ပညာရပ်များ ရောက်ရှိသွားမည်ကို စိုးရိမ်စိတ်များ ရှိသော်လည်း မတတ်နိုင်။(ဆရာကြီးပရမ)
ကိုယ်ထင်ရာ ကိုယ်မြင်ရာ လုပ်ချင်တာတွေ လုပ်ပြီးဒုက္ခဖြစ်မှ ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ မစဉ်းစား မကြိုးစားကြပဲ ယတြာကိုအားကိုးနေသူများသည် ဆရာတစ်ဦးနှင့်မဖြစ်လျှင် နောက်တစ်ဦး ပညာတစ်ရပ်မဖြစ်လျှင် နောက်ပညာတစ်ရပ်ကို မျှော်မှန်းနေတတ်ကြပါသည်။ လူမျိုးများသည်ကား - ဘုရားရှင်လက်ထက်က သားသေကို ဆေးကုလိုသဖြင့် လူမသေဘူးသေးသည့် အိမ်မှ မုန်ညင်းစေ့ ခုနှစ်စေ့ ရှာခဲ့ပါ ဆိုသည်ကို တကယ်လိုက်ရှာနေသော အမျိုးသမီးထက် မိုက်မဲရာကျပြီး မြေကြီးပျောက်မှာ ကြောက်ပြီး တစ်ည(၃)ကြိမ် မြေကြီးဆင်းစမ်းသော မျောက်မျိုး၊ မိုးပြိုမှာကြောက်ပြီး ခြေနှစ်ချောင်း ထောင်အိပ်သော တစ်တီတူငှက်မျိုး၊ မြေကြီးကုန်မှာ ကြောက်ပြီးမြေကြီးစားပြီး မြေကြီးပြန်ထုတ်သော တီကောင်းမျိုးကဲ့သို့ ---(ဆရာကြီးဦးလင်းအောင်)
သိစေချင်တဲ့အကြောင်းလေးတွေ
ဗေဒင်ပညာကို စတင်လေ့လာလိုက်စားသင်ယူတော့မယ်ဆိုရင် ယနေ့မျက်မှောက်ခေတ် ဗေဒင်လောကရဲ့ အခြေအနေအရပ်ရပ်ကို ကြိုတင်သိထားအပ်ဘို့လိုအပ်ပါတယ်။
၁။ ဗေဒင်ပညာသည် ဘယ်အတိုင်းအတာ အထိ မှန်နေသေးသလဲ။ (ဘာကြောင့်)စာအုပ်ကျမ်း ထဲက အတိုင်းမမှန်တော့တာလဲ။
၂။ ဗေဒင်ပညာနဲ့ ဗေဒင်ဆရာ၊ ဗေဒင်မေးပရိတ်သတ်၊ ဗေဒင်ယုံကြည်သူ၊ ဗေဒင်မယုံကြည်သူနဲ့ အဆင်ပြေအောင် ဘာတွေလိုအပ်နေပြီလဲ။ ဗေဒင်ပညာရပ်တွေဟာ ဗေဒင်ကျမ်းတွေနဲ့ ဆရာ့ဆရာတွေရဲ့ လက်ဆင့်ကမ်းပညာရပ်တွေဖြစ်နေလို့ ဗေဒင်ပညာနဲ့ ပက်သက်လို့ ထွေထွေထူးထူး မပြောလိုတော့ပါဘူး (လက်တွေ့သင်ကြားနေရင်း သိလာပါလိမ့်မယ်)။
- ဗေဒင်ဆရာတွေအကြောင်းတော့ မဖြစ်မနေ သိထားရမယ့်တချို့သော အချက်အလက်လေး တွေကိုတော့ အနည်းငယ် ကြိုတင်ပြောထားချင်ပါတယ်။
ဒီတော့ ဆရာဆိုတာ ဘာလဲ
အတတ်လဲသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့ ဆရာတို့
ကျင့်ဘို့ ဝတ်(၅)ဖြာ။(သင်္ဂဇာ)
နာနာကျင်ကျင် အပြစ်မြင်တိုင်း
ဝမ်းတွင်းမသို ဟုတ်တိုင်းဆို
ကြိုးလို စိတ်က ဆုံးမတတ်သူ
ဆရာဟူ၏။(မာဃဒေဝ)
တပည့်အများ ဝန်းရံထားလည်း
အမှားသို့ညွှန်း အဆင်းတွန်းသော်
ဆရာကောင်း ဟု မဆိုနိုင်တော့ပြီ။
တပည့်တို့
၎။ ]ဗေဒင်ဆရာတစ်ယောက်ဟာ ကိန်းဂဏန်းတွေ အားကိုးနေသမျှ အမှန်ကိုတွေ့မှာ မဟုတ်သေးဘူး။ ပတ်ဝန်းကျင်သဘာဝတရားနဲ့ အတွေ့အကြုံ ပေါင်းစပ်နိုင်မှ အားကိုးထိုက်တဲ့ ဆရာဖြစ်ပြီဟူ မှတ်ပါ၊ ဗေဒင်နှင့် ပတ်သက်၍ ကိုယ်ပိုင်ဥာဏ်အတွေ့အကြုံမရှိသေးဘဲ ကျမ်းအားကိုးနေရင် မိမိကြောင့် လူတွေ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးတွေ ပြိုကွဲ၊ ပျက်စီးကုန်မှာပေါ့၊ လောကအကျိုး၊ သံသရာအကျိုးကို မျှော်တွေး ဗေဒင်ဆရာတို့ သတိပြုသင့်သည်။ ]]မည်သည့်ဗေဒင်ဆရာမျိုးမဆို}} မည်မျှပင်တော်၊ တတ်နေပါစေ၊ မည်မျှ ထင်ပေါ်ကြော်ကြားနေသည်ဖြစ်စေ မိမိအကြောင်းကိုမျှ ပိုင်ပိုင်နိုင်နိုင်မသိသေးသမျှ ဆရာ အညံ့စားထဲမှာပင်ရှိသေးသည် ဟုမှတ်ရမည်။
ပညာရပ်တစ်ခုကို တပည့်မခံ၊ ဆရာမတင်လိုဘဲ အားလုံးငါတတ်သည်ဟူသော ဆရာများအတွက် ကျွန်ုပ်တို့၏ ဗေဒင်စည်းကမ်း၊ နည်းလမ်းများကို မသိနိုင်သေးသမျှ (သို့မဟုတ်) ဆန့်ကျင်ဘက်ပြုနေသမျှ ကာလပတ်လုံး၊ (ဥာဏ်၊ ဝိရိယ၊ လုံ့လ၊ အရင်းအနှီး၊ စိုက်ထုတ်လုပ်ကိုင်နေကြသော်လည်း)ဥစ္စာ၊ စည်းပွား၊ ဂုဏ်၊ ရာထူး၊ စည်းစိမ်၊ အိုးအိမ်၊ ချစ်ခင်အပ်သော၊ သား၊ သမီး၊ လင်၊ ဇနီး၊ မိဘများနှင့် သေကွဲ၊ ရှင်ကွဲ၊ ကွဲပြီး၊ ဆင်းရဲ၊ မွဲတေခြင်းဘဝသို့ ခပ်မြန်မြန် ကူးရောက်သွားတတ်ပါသည်။ (ဆရာကြီးဦးလင်းအောင်)
ဤနေရာမှနေ၍ စာရှုသူအား အထူးသတိပေးလိုပါသည်။ အင်္ဂဝိဇ္ဇာအတတ်ပညာနှင့် မဟာဘုတ် ဗေဒင်ပညာရပ်များသည် ကျွန်ုပ်၏ ဆရာကြီး(ဦးကြာမြင့်) ထံမှ သန့်သန့်ရှင်းရှင်း သင်ယူတတ်မြောက်ခဲ့ပြီး ယခုကျွန်ုပ်ထံမှ တစ်ဆင့် သင့်ထံသို့ ကူးရောက်ခဲ့ပြီဖြစ်ပါသည်။ အကယ် ဤအတတ်ပညာကို သင်အသုံးမပြု၊ လက်ခံခြင်းမရှိပါက၊ မည်သို့မျှ အကြောင်းမဟုတ် သော်လည်း မိမိဘဝအတွက် ဤအတတ်ပညာကို မှီး၍ သွယ်ဝိုက် အသုံးချဆောင်ရွက်ခဲ့မည် ဆိုပါက မူလဆရာကြီးသည် (ဆရာကြီးဦးကြာမြင့်)ဖြစ်ကြောင်းနှင့် ဒုတိယဆရာသည်၊ ယခုစာရေးသူ (ဦးလင်းအောင်) ဖြစ်ကြောင်း စိတ်တွင်းမှ ဝန်ခံကတိပြုရန်လိုပါသည်။ စာကိုဖတ်သည့်အချိန် ကာလကစပြီး သင်ဆရာ၊ မြင်ဆရာအပေါ်၊ ဖုံး၊ ကွယ် မိမိကိုယ်တိုင် တတ်သိထားကြောင်း မူလကတည်းက တတ်သိထားခဲ့ကြောင်း၊ ဖေါ်ပြပြီး၊ သံတူကြောင်းကွဲပြု
သူ့ပညာငါ့ပညာဟုဆိုခဲ့သော် နဝင်းတိုင်ပညာ၏ နဝင်းအား သက်ရောက်မှုများက သင်နှင့် တကွ သင့်ပတ်ဝန်းကျင် စိတ်တူသဘောတူအားလုံးအပေါ် ခိုက်(၃)ချက်ကျရောက်ပြီး ဘုန်းကြီး အသက်မရှည် သက်ရှည် ဘုန်းမကြီး၊ ဖြစ်ရမည်ဖြစ်ကြောင်း၊ သတိပေးအပ်ပါသည်။ (ဆရာကြီးဦးလင်းအောင်)
ယခုကျွန်ုပ်၏ စာမူကိုဖတ်ရှုနေသူသင်သည်လည်း ကျွန်ုပ်တွေ့ရှိဖော်ထုတ်အသုံးပြု နေသော (၇)နေ့သားသမီးအားလုံးအတွက် တစ်သက်တာ ထိရောက်လွယ်ကူစွာ ကြည့်ရှုနိုင်သော လောကဓံစက်ဝိုင်းနှင့် အတွေးအခေါ် အယူအဆအသုံးအနှုံး (အမြင်သစ်)များကို အသုံးပြုခဲ့မည်ဆိုပါက၊
သင်၏ လောကဓံ(အမြင်သစ်)ဆရာသည်။
င်္ိ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ။
င်္ိ မဖြစ်သေးတာပဲ ရှိတယ်
င်္ိ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်
င်္ိ ဒီအတွက် အကောင်းဆုံးကြိုးစားပြီးပြီလား?
င်္ိ လက်ရှိအခြေအနေဟာ အကောင်းဆုံးဖြစ်ပြီလား?
င်္ိ ဒီထက်ပိုကောင်းအောင် မလုပ်နိုင်တော့ဘူးလား?
င်္ိ ဒီထက်ပိုကောင်းတဲ့ နည်းလမ်း မရှိတော့ဘူးလား?
တပည့်တို့
၁။ လောကဓံပညာနဲ့ ပတ်သက်လို့ အလွယ်ကူဆုံး-အရှင်းလင်းဆုံးဖြစ်တဲ့ (အတိတ်-ပစ္စုပ္ပန်-အနာဂတ်)ကြောင်းç ကျိုး ç ဆက် (နိယာမစက်ဝန်း) အသုံးပြုပုံကို တပည့်တို့ကိုသင်ကြားပေးခဲ့ပြီး ဖြစ်လို့ ပညာရဲ့ တန်ဘိုး (အနှစ်သာရ)ကို တပည့်တို့ လက်တွေ့သိရှိပြီးသားပါ။
၂။ တို့လူမျိုးတွေဟာ သနားတတ်တယ်။ အားနာတတ်တယ်။ အထူးသဖြင့် သူများပြောတာကို ယုံလွယ်တတ်တယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အဆင်ပြေနေရင် ဗေဒင် မမေးကြဘူး၊ အခက်အခဲရှိမှ ဒုက္ခဖြစ်မှ ဗေဒင်မေးကြတာများတယ်။ ကိုယ့်ဘဝရှေ့ရေးကို ကြိုတင်သိမြင် လိုက်နာဆောင်ရွက်ထားသင့်တယ် ဆိုတဲ့ အသိရှိတဲ့ လူကနည်းတယ်။ ပြဿနာ တစ်ခုခု ဖြစ်မှ ဘယ်ဆရာမှန်လဲ၊ ဒီဆရာမှန်လား၊ မှန်တယ်ဆိုတဲ့ ဆရာလိုက်ရှာ မေးကြ-မြန်းကြ (ယတြာတွေ ချေကြ)တော့တာပါဘဲ။ လောကဓံ သဘောတရားအရ အသက်အရွယ် အတွေ့အကြုံအပေါ် မူတည်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ အမှုပြဿနာ အမျိုးမျိုးတို့ဖြင့် ကြုံတွေ့၍ ဗေဒင်တွေ လိုက်မေးတဲ့အခါ -
ဒီလိုဒုက္ခတွေ ကြုံနေရတာ မင်းတို့ဇနီးမောင်နှံ ဓမ္မာသောကကျပြီး နေ့နံမတည့်လို့၊ လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ်၊ နက္ခတ်ခြင်းမတည့်လို့၊ အိမ်တွင်းအုန်းမဆွဲလို့၊ ရိုးရာမလုပ်လို့၊ ရိုးရာမှားနေလို့၊ သိုက်က နှောက်ယှက်နေလို့၊ ပဋ္ဌာန်းဆက်ကိုမေ့နေလို့၊ အိမ်က ခိုက်နေလို့၊ မြေက ခိုက်နေလို့၊ လှေဦးတိုက် လှည်းဦးတိုက်ဖြစ်နေလို့၊ နဂါးခေါင်း တောင်လှဲ့မြောက်လှဲ့၊ ဝါတွင်း အိမ်ပြောင်းလို့၊ ဘုမ္မိကြနေလို့ စသည့်ဟောကွက်မျိုးတွေနဲ့သာ တွေ့နေကြတော့ သူတို့တွေ ဘဝအဖြစ်မှန်တွေကို သိမြင်ခွင့်မရတော့ အနာတခြား ဆေးတခြားဖြစ်ပြီး ဒုက္ခတွေ ပင်လယ်ဝေ နလံမထူ ဖြစ်နေကြတာပေါ့။
အနာဂတ်ကာလမှာ ကြုံတွေ့လာမည့် သူတို့ရဲ့ ကံကြမ္မာ အကောင်းအဆိုး အကြောင်းအကျိုး အမှန်ကိုမသိဘဲ ပြောသမျှယုံç ပေးသမျှဆောင်ç ခိုင်းသမျှလုပ်ç အချိန်တွေကုန်၊ ငွေတွေကုန်၊ လူပင်ပန်းဖြစ်ပြီး ဆရာစုံ၍ ဘဝကို စိတ်တိုင်းမကျ ဖြစ်နေသူများ ဘဝကို စိတ်ဓါတ်ကျနေသူများကို တပည့်တို့ရဲ့ လောကဓံ ပညာနှင့် အတိတ်ç ပစ္စုပ္ပန်ç အနာဂတ်ကို ကြိုတင် ဟောပြော လမ်းညွှန်မှုတွေ ဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင်ç မဖြစ်နိုင် ဝေဖန်ပိုင်းခြားပြီး လောကဓံကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ တပည့်တို့ အနေနဲ့ မကြောက်မရွံ့ç မလိမ်မညာç မခြောက်မလှန့်ဘဲ နေ့စဉ်နှင့်အမျှ ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူ့ဘဝတိုးလက်မှုကို အဟန့်အတား အနှောက်အယှက် ဖြစ်စေသော အိမ်တွင်းအုန်း၊ ရိုးရာ၊ သိုက်ဆက်၊ ပဋ္ဌာန်းဆက်များဖြင့် လိမ်ညာ ခြောက်လှန့် မြှောက်ပင်မဟောဘဲ။
သူတို့တွေရဲ့ ကံဇာတာကောင်းနေတဲ့အကြိမ် (၆) ကြိမ်
(၁) ဘယ်အသက်ç ဘယ်အရွယ်တွေမှာ ချမ်းသာအောင်မြင်မှုတွေနဲ့ ကြုံတွေ့ရမှာလဲ?
(၂) ဒီအသက်ç ဒီအရွယ်ရောက်မှ ဘာဖြစ်လို့ အောင်မြင်ချမ်းသာမှုနဲ့ ကြုံတွေ့ရမှာလဲ?
(၃) ဒီအသက်ç ဒီအရွယ်မှာ ချမ်းသာအောင်မြင်လာအောင် ဘယ်လို နေထိုင်/ ဘယ်လို လုပ်ကိုင်ရမယ်ဆိုတဲ့ အချက်အလက်အကြောင်းအရာတွေနဲ့
သူတို့တွေရဲ့ ကံဇာတာမကောင်းတဲ့အကြိမ် (၆) ကြိမ်
(၁) ဘယ်အသက်ç အဘယ်အရွယ်တွေမှာ ပြိုကွဲပျက်စီးမှုနဲ့ ကြုံတွေ့ရမှာလဲ?
(၂) ဒီအသက်ç ဒီအရွယ်ရောက်မှ ဘာဖြစ်လို့ပြိုကွဲပျက်စီးမှုတွေနဲ့ ကြုံတွေ့ရမှာလဲ?
(၃) မပြိုကွဲ၊ မပျက်စီးအောင် ဘယ်လို နေထိုင်/ဘယ်လိုလုပ်ကိုင် ရမယ်ဆိုတဲ့ ကိစ္စရပ်တွေကို အကြောင်းအကျိုးနဲ့ ကြိုတင်ဟောပြောလမ်းညွှန်ပေးနိုင်ကြပါစေ။
လောကဓံ(အမြင်သစ်)
ဆရာဦးထွန်းရီ
(လောကဓံ)
တစ်နှစ်လျှင်တစ်ခါကူး ကံပိုင်းဟုဆို
စိတ်ပျက်ကာ မရဘူးမထင်လေနှင့်
သေချာစွာလုပ်ကိုင်ကြရင်ဖြင့်
အမှန်တကယ် သူဌေး ဖြစ်ရမယ်
တားမရဘူး။
တစ်နှစ်လျှင်တစ်ခါကူး Óဏ်ပိုင်းဟုဆို
မာန်တက်ခါမကုန်ဘူး မထင်လေနှင့်
စိတ်ထင်ရာ စိုင်းလိုက်ရင်ဖြင့်
အမှန်တကယ် မွဲ/ပြုတ် သွားမယ်
တားမရဘူး။
လောကဓံ (အမြင်သစ်)ဆရာဦးထွန်းရီ (တဆ-ဝ၄၅၅၅)
ကံကောင်းလိုသူတို့အတွက်ဥာဏ်သစ်လောင်းရာ
ဓာတုနိယာမနှင့်မဟာဘုတ်နဝင်းစီးဓာတ်ခန်း
အမှတ်(ခ)၊ မိုးကောင်းဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဤစာအုပ်ပါ အကြောင်းအရာများသည် ယျေဘူယျသက်သက်မျှသာဖြစ်၍ မရှင်းလင်းသည်များကို အသေးစိတ်လာရောက်ဆွေးနွေးနိုင်ပါသည်။
လက်တွေ့အသုံးချ(လောကဓံ)ပညာ
ဆရာဦးထွန်းရီ(ဒ-ဗ-န-ဝ)တဆ-ဝ၄၅၅၅
ဓါတုနိယာမနှင့် မဟာဘုတ်-နဝင်းစီးဓါတ်ခန်း
သင် - ကြီးပွားချမ်းသာအောင်မြင်စေရန်နှင့်သင်နောက်ထပ်ဒုက္ခမရောက်စေရန်ကျွန်ုပ်နှင့်လာရောက်တိုင်ပင်ပါ။
မွေးလမရောက်မီကြိုတင်လာပါ။ သင်္ကြန်မရောက်မီကြိုတင်လာပါ။
ခေတ်နှင့်ကိုက်ညီမှုမရှိတော့သည့် အတွေးအခေါ်အယူအဆဟောင်းတချို့ကို စွန့်လွတ်၍ အတွေးသစ်အမြင်သစ်တို့ဖြင့် လောကသစ်သို့
No comments:
Post a Comment