ဘာသာ အယူဝါဒစစ်တမ်း
ဘာသာဝါဒ မတူကြ၍ လောကအတွင်း ငြင်းခုံခြင်းဖြင့် ဆင်းရဲဒုက္ခရောက်ကုန်ကြ၏။ ဝါဒအယူ မှားခဲ့မူကား ဆူဆူဗုဒ္ဓ ကယ်မရသည့် ပယ်လေးဝဘုံ ဘေးတွေ့ကြုံလိမ့် စေ့စုံဥာဏ်ဖြင့် မြှော်ထောက်ချင့်ကာ -
(၁) မိရိုးဖလာ
(၂) တဆင့်ကြားသိ
(၃) ကောလဟလ
(၄) ကျမ်းစာမျှနှင့်
(၅)(၆) ကြံဆ၊ နည်းမှီ
(၇) ဆီလျော်သုံးသပ်
(၈) ယူချင်းထပ်၍
(၉) ယုံအပ်သူပဲ
(၁၀) ဆရာစွဲဖြင့်
လွဲပုံစိတ်ချ မယူကြလင့် ဒိဌကျင့်ကြံ ကိုယ်ပိုင်ဥာဏ်ဖြင့် မှားမှန်ကောင်းဆိုး သိအောင်ကြိုးဟု မျိုးကာလ ဟောညွှန်ပြ ဝါဒအယူစစ်တမ်းပေ။
No comments:
Post a Comment